عَنْ عَائِشَةَ أُمِّ المُؤْمِنِينَ رَضِيَ اللَّهُ عَنْها أَنَّهَا قَالَتْ:
أَوَّلُ مَا بُدِئَ بِهِ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مِنَ الوَحْيِ الرُّؤْيَا الصَّالِحَةُ فِي النَّوْمِ، فَكَانَ لاَ يَرَى رُؤْيَا إِلَّا جَاءَتْ مِثْلَ فَلَقِ الصُّبْحِ، ثُمَّ حُبِّبَ إِلَيْهِ الخَلاَءُ، وَكَانَ يَخْلُو بِغَارِ حِرَاءٍ فَيَتَحَنَّثُ فِيهِ -وَهُوَ التَّعَبُّدُ- اللَّيَالِيَ ذَوَاتِ العَدَدِ قَبْلَ أَنْ يَنْزِعَ إِلَى أَهْلِهِ، وَيَتَزَوَّدُ لِذَلِكَ، ثُمَّ يَرْجِعُ إِلَى خَدِيجَةَ فَيَتَزَوَّدُ لِمِثْلِهَا، حَتَّى جَاءَهُ الحَقُّ وَهُوَ فِي غَارِ حِرَاءٍ، فَجَاءَهُ المَلَكُ فَقَالَ: اقْرَأْ، قَالَ: «مَا أَنَا بِقَارِئٍ» قَالَ: «فَأَخَذَنِي فَغَطَّنِي حَتَّى بَلَغَ مِنِّي الجَهْدَ ثُمَّ أَرْسَلَنِي، فَقَالَ: اقْرَأْ، قُلْتُ: مَا أَنَا بِقَارِئٍ، فَأَخَذَنِي فَغَطَّنِي الثَّانِيَةَ حَتَّى بَلَغَ مِنِّي الجَهْدَ ثُمَّ أَرْسَلَنِي، فَقَالَ: اقْرَأْ، فَقُلْتُ: مَا أَنَا بِقَارِئٍ، فَأَخَذَنِي فَغَطَّنِي الثَّالِثَةَ ثُمَّ أَرْسَلَنِي، فَقَالَ: {اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ خَلَقَ الإِنْسَانَ مِنْ عَلَقٍ اقْرَأْ وَرَبُّكَ الأَكْرَمُ}»، [العلق:1-3] فَرَجَعَ بِهَا رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَرْجُفُ فُؤَادُهُ، فَدَخَلَ عَلَى خَدِيجَةَ بِنْتِ خُوَيْلِدٍ رَضِيَ اللَّهُ عَنْهَا، فَقَالَ: «زَمِّلُونِي، زَمِّلُونِي» فَزَمَّلُوهُ حَتَّى ذَهَبَ عَنْهُ الرَّوْعُ، فَقَالَ لِخَدِيجَةَ وَأَخْبَرَهَا الخَبَرَ: «لَقَدْ خَشِيتُ عَلَى نَفْسِي» فَقَالَتْ خَدِيجَةُ: كَلَّا وَاللَّهِ مَا يُخْزِيكَ اللَّهُ أَبَدًا، إِنَّكَ لَتَصِلُ الرَّحِمَ، وَتَحْمِلُ الكَلَّ، وَتَكْسِبُ المَعْدُومَ، وَتَقْرِي الضَّيْفَ، وَتُعِينُ عَلَى نَوَائِبِ الحَقِّ، فَانْطَلَقَتْ بِهِ خَدِيجَةُ حَتَّى أَتَتْ بِهِ وَرَقَةَ بْنَ نَوْفَلِ بْنِ أَسَدِ بْنِ عَبْدِ العُزَّى، ابْنَ عَمِّ خَدِيجَةَ، وَكَانَ امْرَأً تَنَصَّرَ فِي الجَاهِلِيَّةِ، وَكَانَ يَكْتُبُ الكِتَابَ العِبْرَانِيَّ، فَيَكْتُبُ مِنَ الإِنْجِيلِ بِالعِبْرَانِيَّةِ مَا شَاءَ اللَّهُ أَنْ يَكْتُبَ، وَكَانَ شَيْخًا كَبِيرًا قَدْ عَمِيَ، فَقَالَتْ لَهُ خَدِيجَةُ: يَا ابْنَ عَمِّ، اسْمَعْ مِنَ ابْنِ أَخِيكَ، فَقَالَ لَهُ وَرَقَةُ: يَا ابْنَ أَخِي، مَاذَا تَرَى؟ فَأَخْبَرَهُ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ خَبَرَ مَا رَأَى، فَقَالَ لَهُ وَرَقَةُ: هَذَا النَّامُوسُ الَّذِي نَزَّلَ اللَّهُ عَلَى مُوسَى، يَا لَيْتَنِي فِيهَا جَذَعًا، لَيْتَنِي أَكُونُ حَيًّا إِذْ يُخْرِجُكَ قَوْمُكَ، فَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَوَ مُخْرِجِيَّ هُمْ؟»، قَالَ: نَعَمْ، لَمْ يَأْتِ رَجُلٌ قَطُّ بِمِثْلِ مَا جِئْتَ بِهِ إِلَّا عُودِيَ، وَإِنْ يُدْرِكْنِي يَوْمُكَ أَنْصُرْكَ نَصْرًا مُؤَزَّرًا. ثُمَّ لَمْ يَنْشَبْ وَرَقَةُ أَنْ تُوُفِّيَ، وَفَتَرَ الوَحْيُ.
[صحيح] - [متفق عليه] - [صحيح البخاري: 3]
المزيــد ...
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
“အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပထမဦးဆုံးစတင်ခဲ့သော ဝဟီဗျာဒိတ်တော်မှာ မှန်ကန်သည့် အိပ်မက်ကောင်းများ ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မြင်မက်တော်မူသည့် အိပ်မက်တိုင်း သည် နံနက်မိုးသောက်ယံအလင်းကဲ့သို့ ထင်ရှားစွာ ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့နောက် ကိုယ်တော်သည် တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာ၌နေခြင်းကို နှစ်သက်ခုံမင်တော်မူလာ၏။ ထို့ကြောင့် ကိုယ်တော်မြတ်သည် ဟီရာလိုဏ်ဂူ၌ တစ်ဦးတည်း သွားနေလေ့ရှိတော်မူသည်။ မိမိမိသားစုထံပြန်မလာဘဲ ထိုလိုဏ်ဂူ၌ပင် ညပေါင်းများစွာ အေဗာဒသ်တရားအားထုတ်တော်မူလေ့ရှိသည်။ ယင်းအတွက် စားနပ်ရိက္ခာကိုပါ သယ်ဆောင်သွားတော်မူ၏။ ထို့နောက် (စားနပ်ရိက္ခာကုန်သွားသည့်အခါ၌) ခဒီဂျဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ပြန်လာပြီး ထိုရက်အတိုင်းအတာအတွက် စားနပ်ရိက္ခာ ထပ်မံသယ်ဆောင်သွားတော်မူလေ့ရှိ၏။ နောက်ဆုံးတွင် ကိုယ်တော်မြတ်သည် ဟီရာဂူအတွင်း၌ရှိစဉ် ကိုယ်တော်မြတ်ထံ အမှန်တရား (ဝဟီ) ရောက်ရှိလာလေသည်။ ကောင်းကင်တမန်သည် ကိုယ်တော့်ထံရောက်လာပြီး "အသင်ဖတ်ပါ"ဟု ပြောဆိုလေ၏။ ကိုယ်တော်က ‘ကျွန်ုပ် ဖတ်တတ်သူမဟုတ်ပါ’ ဟု ဖြေကြားလေ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ထိုအခါ (ကောင်းကင်တမန်က) ‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ တစ်ဖန် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ဖတ်တတ်သူမဟုတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်းကင်တမန်က) ဒုတိယအကြိမ်‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ ထို့နောက် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ဖတ်တတ်သူမဟုတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်းကင်တမန်က) တတိယအကြိမ်‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ ထို့နောက် ငါကိုယ်တော်အား ပြန်လွှတ်လိုက်ပြီး ပြောသည်မှာ- {အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နာမတော်ဖြင့် (အစပြု)ဖတ်ပါ။ ထိုအရှင်မြတ်သည် လူသားကို သွေးခဲ၊ (တွယ်ကပ်နေသောအရာ၊ မျှော့ကောင်ကဲ့သို့သောအရာ)မှ ဖန်ဆင်းတော်မူခဲ့သည်။ အသင်ဖတ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်အရက်ရောဆုံး ပေးကမ်းတော်မူသောအရှင် ဖြစ်တော်မူသည်။} (စူရဟ် အလက် ၉၆:၁-၃)
ထို့နောက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စိတ်နှလုံးထိတ်လန့်တုန်လှုပ်လျက် ထိုအာယသ်တော်များနှင့် အတူပြန်လာခဲ့ပြီး၊ ခဒီဂျဟ် ဗင်န်သု ခိုဝိုင်လစ်ဒ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ ဝင်ရောက်တော်မူကာ "ကျွန်ုပ်ကို စောင်ခြုံပေးကြပါ။ ကျွန်ုပ်ကို စောင်ခြုံပေးကြပါ" ဟု မိန့်တော်မူလေ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော့်အား စောင်ခြုံပေးလိုက်ကြ၏။ နောက်ဆုံး စိုးရိမ်ထိတ်လန့်မှုများ ပပျောက်သွားလေ၏။ ထိုအခါ ကိုယ်တော်မြတ်က ခဒီဂျဟ်သခင်မအား ဖြစ်ပျက်ပုံ အကြောင်းစုံကို ပြောပြ၍ ‘ကျွန်ုပ်သည် ကိုယ့်ကိုယ်ကို စိုးရိမ်မိပါသည်’ ဟု မိန့်တော်မူ၏။ ခဒီဂျဟ်သခင်မက လျှောက်ထားပြောဆိုသည်မှာ- ‘ထိုသို့လုံးဝမဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် ကိုယ်တော့်အား ဘယ်တော့မျှ အရှက်တကွဲအကျိုးနည်း ဖြစ်စေမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်ထား၏။ အင်အားချိနှဲ့သူတို့၏ ဝန်ထုပ်ဝန်ပိုးကို ကူညီသယ်ပိုး၏။ မရှိဆင်းရဲသားများအား (စားနပ်ရိက္ခာ) ရှာဖွေပေးတော်မူ၏။ ဧည့်သည်အား ဧည့်ဝတ်ကျေပွန်၏။ အမှန်တရားအတွက် ကျရောက်သောဒုက္ခဘေးအန္တရာယ်များ၌ အကူအညီပေးတော်မူ၏။ ထို့နောက် ခဒီဂျဟ်သခင်မသည် ကိုယ်တော်မြတ်အား ခေါ်ဆောင်ကာ သူမ၏အစ်ကိုဝမ်းကွဲ ဝရကဟ် ဗင်န် နောင်ဝ်ဖလ် ဗင်န် အစဒ် ဗင်န် အဗ်ဒွလ်အုဇ္ဇာထံသို့ ခေါ်သွားလေ၏။ သူသည် ဂျာဟိလိယသ်အမိုက်ခေတ်တွင် ခရစ်ယာန်သာသနာဝင်ဖြစ်ခဲ့၏။ သူသည် ဟီဗရူးဘာသာဖြင့် ကျမ်းဂန်ရေးသားလေ့ရှိခဲ့၏။ သူသည် အင်န်ဂျီလ်ကျမ်းအား အလ္လာဟ်အရှင်မြတ် အလိုတော်ရှိသလောက် ဟီဗရူးဘာသာဖြင့် ရေးသားခဲ့၏။ သူသည် အသက်အရွယ်ကြီးရင့်သူဖြစ်ပြီး မျက်စိပင်ကွယ်သွားခဲ့ပြီဖြစ်၏။ ခဒီဂျဟ်သခင်မက ‘အို-ကျွန်မဘကြီးရဲ့ သား၊ အသင့်တူဖြစ်သူထံမှ နားထောင်ပါဦး’ ဟု ပြောလေ၏။ ထိုအခါ ဝရကဟ်က ကိုယ်တော့်အား ‘အို-တူတော်မောင်၊ အသင် မြင်တွေ့ခဲ့ရသောအရာကား အဘယ်နည်း’ ဟု မေးလေ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိကြုံတွေ့ခဲ့ရသည့်အကြောင်းကို ပြန်ပြောပြလေ၏။ ထိုအခါ ဝရကဟ်က ‘ဤသည်ကား မူစာနဗီထံသို့ အလ္လာဟ်အရှင်မြတ် က ဆင်းသက်စေတော်မူခဲ့သော ကောင်းကင်စေတမန်ပင် ဖြစ်သည်။ ထို (အသင် သာသနာဘက်ကို ဖိတ်ခေါ်သည့်) အချိန်ကာလ၌ ကျွန်ုပ်သည် တောင့်တင်းသန်မာသောလူငယ်တစ်ယောက် ဖြစ်လျှင် ကောင်းလေစွ။ အသင်၏ အမျိုးသားတို့က သင့်အား နှင်ထုတ်သည့်အချိန်တွင် ကျွန်ုပ် အသက်ရှင်လျက် ရှိလျက်ရှိနေလျှင် ကောင်းလေစွ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ‘သူတို့သည် ကျွန်ုပ်အား နှင်ထုတ်ကြမည်လော’ဟု မေးမြန်းတော်မူ၏။ ဝရကဟ်က ပြန်ဖြေသည်မှာ ‘ဟုတ်ပါသည်။ အသင်ယူဆောင်လာသည့် အရာ(ဝဟီ)မျိုးကို ယူဆောင်လာခဲ့သည့်သူတိုင်း ရန်ပြုခြင်းမခံရသည်ဟူ၍ မရှိပါ။ အကယ်၍ အသင်၏နေ့ရက် (နှင်ထုတ်ခံရသည့်အချိန်ကာလ) ကို ကျွန်ုပ်ကြုံခဲ့လျှင် သင့်အား ကျွန်ုပ် အစွမ်းကုန်အကူအညီပေးပါမည်’။ ထို့နောက် များမကြာမီမှာပင်ဝရကဟ်မှာ ကွယ်လွန်သွားခဲ့ပြီး ဝဟီကျရောက်မှုလည်း ခေတ္တရပ်ဆိုင်းသွားလေ၏။
[صحيح] - [متفق عليه] - [صحيح البخاري - 3]
{အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နာမတော်ဖြင့် (အစပြု)ဖတ်ပါ။ ထိုအရှင်မြတ်သည် လူသားကို သွေးခဲ၊ (တွယ်ကပ်နေသောအရာ၊ မျှော့ကောင်ကဲ့သို့သောအရာ)မှ ဖန်ဆင်းတော်မူခဲ့သည်။ အသင်ဖတ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်အရက်ရောဆုံး ပေးကမ်းတော်မူသောအရှင် ဖြစ်တော်မူသည်။} (စူရဟ် အလက် ၉၆:၁-၃)