عَنْ عَبْدِ اللهِ بْنِ عُمَرَ رَضيَ اللهُ عنهُما قَالَ: مَرَرْنَا مَعَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَلَى الْحِجْرِ، فَقَالَ لَنَا رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَا تَدْخُلُوا مَسَاكِنَ الَّذِينَ ظَلَمُوا أَنْفُسَهُمْ، إِلَّا أَنْ تَكُونُوا بَاكِينَ؛ حَذَرًا أَنْ يُصِيبَكُمْ مِثْلُ مَا أَصَابَهُمْ» ثُمَّ زَجَرَ فَأَسْرَعَ حَتَّى خَلَّفَهَا.
[صحيح] - [متفق عليه] - [صحيح مسلم: 2980]
المزيــد ...
အဗ်ဒုလ္လာဟ် ဗင်န် အိုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြသည်- ကျွန်ုပ်တို့သည် ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) နှင့်အတူ ဟိဂ်ျရ် (ဆမူးဒ်အမျိုးသားတို့နေထိုင်ရာ ကျောက်ဆောင်ဒေသ) ကို ဖြတ်သန်းကြစဉ်၊ ရစူလ်တမန်တော်(ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်တို့အား မိန့်ကြားတော်မူသည်-
“သင်တို့သည် မိမိတို့ကိုယ်ကို မတရားညှဥ်းဆဲခဲ့ကြသောသူတို့၏ နေရာများသို့ မဝင်ရောက်ကြကုန်လင့်။ သို့သော် အသင်တို့ ငိုကြွေးမြည်တမ်းလျက် (၎င်းတို့၏အဖြစ်ကို သင်ခန်းစာယူသည့်အနေဖြင့် ဝင်လိုလျှင်သာ) ဝင်ကြလော့။ အကြောင်းမှာ သူတို့ထံ ကျရောက်ခဲ့သောပြစ်ဒဏ်မျိုး သင်တို့ထံသို့လည်း ကျရောက်လာမည်ကို စိုးရိမ်ရသော
ကြောင့်ဖြစ်သည်။" ထို့နောက် ကိုယ်
တော်သည် (မိမိ၏
အစီးအနင်းကို) အရှိန်တင်ကာ ထိုနေရပ်ကို ကျော်လွန်သည်အထိ အမြန်နှုန်းဖြင့် စီးနင်းသွားတော်မူခဲ့သည်။
[صحيح] - [متفق عليه] - [صحيح مسلم - 2980]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆမူးဒ်အမျိုးသားတို့၏ နေရပ်ကို ဖြတ်သန်းတော်မူသည့်ချိန်၌ မိမိတို့ကိုယ်ကို မတရားညှဉ်းဆဲခဲ့ကျသော အပြစ်ဒဏ်ခံရသည့်လူများ၏ နေရပ်သို့ ဝင်ရောက်ခြင်း သို့မဟုတ် သွားရောက်ခြင်းမှ တားမြစ်တော်မူခဲ့သည်။ သို့ရာတွင် ငိုကြွေးမြည်တမ်းလျက်၊ ၎င်းတို့၏ အဖြစ်အပျက်ကို သင်ခန်းစာယူလျက် ဝင်မည်ဆိုလျင်မူ ဝင်ရောက်သွားလာခွင့်ရှိသည်။ အကြောင်းမှာ ၎င်းတို့ထံ သက်ရောက်ခဲ့သော ပြစ်ဒဏ်မျိုး မိမိထံသို့လည်း သက်ရောက် လာမည်ကို စိုးရိမ်ရသောကြောင့်ဖြစ် သည်။ ထို့နောက် ကိုယ်တော်သည် မိမိ၏အစီးအနင်း(ကုလားအုပ်မ)ကို အရှိန်တင်ကာ ထိုနေရပ်ကို ကျော်လွန်သည်အထိ အမြန်နှုန်းဖြင့် စီးနင်းသွားတော်မူခဲ့သည်။