عن طارق بن أشيم الأشجعي رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول:
«مَنْ قَالَ: لَا إِلَهَ إِلَّا اللهُ، وَكَفَرَ بِمَا يُعْبَدُ مِنْ دُونِ اللهِ حَرُمَ مَالُهُ وَدَمُهُ، وَحِسَابُهُ عَلَى اللهِ».
[صحيح] - [رواه مسلم] - [صحيح مسلم: 23]
المزيــد ...
သွာရိက် ဗင်န် အရှီးမ် အလ်အရှ်ဂျအီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
အကြင်သူသည် ကလိမဟ်တော် “လာအိလာဟ အိလ္လလ္လာဟ်”အား ရွတ်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်ခဲ့ပါက ၎င်း၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးတို့သည် (အခြားသူတစ်ဦးအတွက်) ဟရာမ်ဖြစ်သွားချေပြီ။ ၎င်းအား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။
[صحيح] - [رواه مسلم] - [صحيح مسلم - 23]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အကြင်သူသည် ကလိမာတော် “လာအိလာဟ အိလ္လလ္လာဟ်” (အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သူမရှိ)အား နှုတ်ဖြင့်ရွတ်ဆို သက်သေခံမည်။ အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်မည်။ အစ္စလာမ်သာသနာတော်မှအပ အခြားသာသနာများအားလုံးမှ ကင်းရှင်းမည်ဆိုပါက သူ၏ ပစ္စည်းဥစ္စာ၊ အသက်သွေးတို့သည် အခြားမွတ်စ်လင်မ်များအပေါ်တွင် ဟရာမ်ဖြစ်သွားပြီဖြစ်သည်။ ပေါ်လွင်ထင်ရှားသော သူ၏လုပ်ရပ်သည်သာ ကျွန်ုပ်တို့နှင့် သက်ဆိုင်သည်။ ထို့ကြောင့် ရာဇဝတ်မှုနှင့် ပြစ်ကျူးလွန်မှုတို့ကြောင့် အစ္စလာမ့် အမိန့်ပညတ်ချက်များအရ အရေးယူအပြစ်ပေးသည့် ကိစ္စမျိုးမှလွဲ၍ သူ၏ဥစ္စာပစ္စည်းကို သိမ်းပိုက်ခြင်း၊ သွေးထွက်သံယိုပြုခြင်းတို့ ပြုခွင့်မရှိတော့ပေ။
ကိယာမသ်နေ့၌ ၎င်းအား စာရင်းစစ်ဆေးခြင်းကို အလ္လာဟ်အရှင်မြတ်က တာဝန်ယူထားပြီးဖြစ်သည်။ အကယ်၍ ၎င်းသည် မှန်ကန်သူဖြစ်ပါက အရှင်မြတ်က အကျိုးကုသိုလ်ချီးမြှင့်မည်ဖြစ်ပြီး မုနာဖိက် အရေခြုံမွတ်စ်လင်မ်ဖြစ်ပါက အရှင်မြတ်က ပြစ်ဒဏ်ပေးမည်ဖြစ်သည်။