عن النواس بن سمعان الأنصاري، عن رسول الله صلى الله عليه وسلم قال: "ضرب الله مثلًا صراطًا مستقيمًا، وعلى جَنَبَتَي الصراط سوران، فيهما أبواب مفتحة، وعلى الأبواب ستور مرخاة، وعلى باب الصراط داع يقول: أيها الناس، ادخلوا الصراط جميعا، ولا تتعرجوا، وداع يدعو من فوق الصراط، فإذا أراد يفتح شيئا من تلك الأبواب، قال: ويحك لا تفتحه، فإنك إن تفتحه تلجه، والصراط الإسلام، والسوران: حدود الله، والأبواب المفتحة: محارم الله، وذلك الداعي على رأس الصراط: كتاب الله، والداعي من فوق الصراط: واعظ الله في قلب كل مسلم".
[صحيح] - [رواه الترمذي وأحمد]
المزيــد ...

နောင်ဝါစ်ဗင်န် စမ်အာန် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သည့်လမ်းအား ဘေးတွင် တံတိုင်းနှစ်ဖက်ပါရှိသည့်လမ်းဖြင့် ပမာပေးတော်မူခဲ့သည်။ ထိုတံတိုင်းနှစ်ဘက်တွင် ဖွင့်ထားသည့် တံခါးများရှိပြီး ထိုတံခါးများတွင် လိုက်ကာများ တွဲလောင်းချထားသည်။ လမ်း၏ဝင်ပေါက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိပြီး ၎င်းက အို လူသားအပေါင်းတို့ အသင်တို့အားလုံး လမ်းထဲသို့ဝင်ရောက်ကြပါ မတိမ်းစောင်းသွားကြနှင့်ဟု ဖိတ်ခေါ်နေသည်။ ထို့အတူ လမ်း၏အပေါ်ဘက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိပြီး ၎င်းက ထိုတံခါးများအနက်မှ တံခါးတစ်ခုခုကိုဖွင့်လိုသူအားပြောမည်မှာ သင့်အတွက် ဝမ်းနည်းလေစွ၊ ၎င်းကိုမဖွင့်လေနှင့် အကယ်၍ အသင်ဖွင့်လိုက်လျှင် ဝင်ရောက်သွားလိမ့်မည်။ လမ်းဟူသည် အစ္စလာမ်ကိုဆိုလိုပြီး တံတိုင်းနှစ်ခုသည် အလ္လာဟ်အရှင်မြတ်၏ ကန့်သတ်နယ်နိမိတ်များကို ဆိုလိုသည်။ ဖွင့်ထားသည့် တံခါးများသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင်လမ်း၏ ဝင်ပေါက်တွင် ဖိတ်ခေါ်သူဟူသည် ကုရ်အာန်ကျမ်းမြတ်ကို ဆိုလိုခြင်းဖြစ်သည်။ လမ်း၏အပေါ်ဘက်မှ ဖိတ်ခေါ်သူဟူသည် မွတ်စလင်မ်တိုင်း၏ နှလုံးသားထဲတွင်ရှိသည့် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဆုံးမသူ(အီမာန်ယုံကြည်မှုပင်) ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - သိရ်မိဇီကျမ်း။

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သောလမ်းအား ပမာပေး၍ ရှင်းပြတော်မူခဲ့သည်။ ၎င်းသည် ကျယ်ဝန်းပြီး၊ လွယ်ကူသော လမ်းဖြစ်ကာ ထိုလမ်းပေါ်တွင် လျှောက်လမ်းသူအား လိုရာပန်းတိုင်သို့ ပို့ဆောင်ပေးမည့် လမ်းဖြစ်သည်။ ထိုလမ်း၏ ဘေးနှစ်ဘက်တွင် တံတိုင်းနှစ်ခုရှိပြီး ၎င်းတို့၌ ဖွင့်ထားသည့် တံခါးများရှိကာ ထိုတံခါးများတွင် လိုက်ကာများ တွဲလောင်းချထားသည်။ဤနေရာတွင် လိုက်ကာဟူသည် ‘ဟရာမ်’ အဖြစ် တားဆီးထားသည့် အရာတိုင်းနှင့် ဘာသာရေးအရဖြစ်စေ၊ လူ့ကျင့်ဝတ်အရဖြစ်စေ၊ အရှက်တရားအရဖြစ်စေ၊ ဇွဲလုံ့လအရဖြစ်စေ၊ သန့်ရှင်းစင်ကြယ်မှုအရဖြစ်စေ တားမြစ်ထားသည့် အရာတိုင်းအတွက် ဥပမာအဖြစ်တင်ပြထားခြင်းဖြစ်သည်။ လမ်း၏ဝင်ပေါက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိပြီး ၎င်းက အို လူသားအပေါင်းတို့ အသင်တို့အားလုံး လမ်းထဲသို့ဝင်ရောက်ကြပါ မတိမ်းစောင်းသွားကြနှင့်ဟုဖိတ်ခေါ်နေသည်။ အချို့ဆင့်ပြန်ချက်များတွင် "c2">“ ကွေ့ကောက်မသွားကြနှင့်” ဟုလာရှိသည်။ ထို့အတူ လမ်း၏အပေါ်ဘက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိပြီး ၎င်းက (ထိုလမ်းပေါ်တွင် လျှောက်လှမ်းနေသူတစ်ဦး) ထိုတံခါးများအနက်မှ တံခါးတစ်ခုခုကိုဖွင့်ရန် ရည်ရွယ်လိုက်ပါက ထိုဖိတ်ခေါ်သူက ပြောမည်မှာ- သင့်အတွက် ဝမ်းနည်းလေစွ၊ (ဤသည် မထိုက်တန်သည့် ပျက်စီးခြင်းထဲသို့ ကျရောက်သွားသူအား သနားဂရုဏာထားကာ ပြောဆိုသည့် စကားဖြစ်သည်။) ၎င်းကိုမဖွင့်လေနှင့် အကယ်၍ အသင်ဖွင့်လိုက်လျှင် ဝင်ရောက်သွားလိမ့်မည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုပမာများကို ရှင်းပြတော်မူခဲ့သည်။ လမ်းဟူသည် အစ္စလာမ်သာသနာကိုဆိုလိုပြီး ၎င်းသည် အစ္စလာမ်သာသနာဝင်အား ဂျန္နသ်သုခဘုံသို့ ပို့ဆောင်ပေးမည့် ဖြောင့်မတ်မှန်ကန်သည့်လမ်းပင်ဖြစ်သည်။ တံတိုင်းနှစ်ခုဟူသည်အလ္လာဟ်အရှင်မြတ်၏ကန့်သတ်နယ်နိမိတ်ဖြစ်ပြီး ၎င်းသည် (ဟလာလ်) ခွင့်ပြုထားသည့်အရာနှင့် (ဟရာမ်) တားမြစ်ထားသည့်အရာဖြစ်သည်။ ဖွင့်ထားသည့် တံခါးများသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသော အရာများဖြစ်သည်။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ဟရာမ်အဖြစ်သတ်မှတ် ပြဌာန်းကာ မကျူးလွန်ရန်တားဆီးထားသည့်အရာများကို ဆိုလိုသည်။ အကယ်၍ လူတစ်ဦးသည် ဤဖြောင့်မတ်မှန်ကန်သောလမ်းမှ တိမ်းစောင်းကာ တားမြစ်ထားသောတံခါးကိုဖွင့်ပါက ရှိုင်သွာန်မိစ္ဆာသည် ထိုသူ့အား စိတ်အလိုရမ္မက်များအပေါ် ချစ်ခင်နှစ်သက်မှုကို တန်ဆာဆင်ပေးပြီး ၎င်းသည် ဟရာမ်ထဲသို့ကျရောက်ကာ ပျက်ဆီးသွားမည်ဖြစ်သည်။ထို့ပြင်လမ်း၏ ဝင်ပေါက်တွင်ရှိသည့် ဖိတ်ခေါ်သူဟူသည် ကုရ်အာန်ကျမ်းမြတ်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုကျမ်းမြတ်သည် ကောင်းမှုများ ပြုလုပ်ရန် အမိန့်ပေးပြီး မကောင်းမှုများမှရှောင်ကြဉ်ရန် တားမြစ်သည်။ ထို့ပြင် စင်ကြယ်သောအရာများကို ခွင့်ပြုကာ မသန့်စင်သောအရာများကို တားမြစ်သည်။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ- (ဤသည် ငါ၏ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ပေတည်း။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြလေကုန်။ ထို့ပြင် အခြားသောလမ်းစဉ်များကိုမလိုက်ကြကုန်လင့်။ အဘယ်ကြောင့်ဆိုသော် ယင်းလမ်းစဉ်များသည် အသင်တို့အား ထိုအရှင်မြတ်၏လမ်းတော်မှ ကွဲကွာစေမည် ဖြစ်သောကြောင့်ပင်။) ကုရ်အာန် (၆:၁၅၃) လမ်း၏အပေါ်ဘက်မှ ဖိတ်ခေါ်သူဟူသည်မွတ်စ်လင်မ်တိုင်း၏ နှလုံးသားထဲတွင်ရှိသည့်အလ္လာဟ်အရှင်မြတ်ဘက်တော်မှဆုံးမသူ(အီမာန်ယုံကြည်မှုပင်)ဖြစ်သည်။ ဆိုလိုသည်မှာ- ထိုဖိတ်ခေါ်သူသည် အလ္လာဟ်အရှင်မြတ်က မိမိ၏မုအ်မင်န်ကျေးကျွန်များ၏ နှလုံးသားထဲတွင်ထည့်ပေးထားသည့် အီမာန်ယုံကြည်မှုပင်ဖြစ်ပြီး ၎င်းသည် မုအ်မင်န်တို့အား ပျက်စီးဆုံးရှုံးမှုထဲသို့ကျရောက်ခြင်းမှ တားဆီးပေးသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဥပမာပေးခြင်းသည် အကြောင်းအရာတစ်ခုကို အနီးစပ်ဆုံးနှင့် အရှင်းလင်းဆုံးနားလည်သဘောပေါက်စေရန်အတွက်ဖြစ်သည်။ ၎င်းသည် ထိတွေ့ကိုင်တွယ်လို့မရသည့် အရာများကို အာရုံငါးပါးဖြင့် သိနိုင်သည့်ပုံသဏ္ဍာန်သို့ရောက်အောင် ပုံဖော်ပေးရာတွင်လည်းကောင်း၊ စိတ်ကူးထဲက အရာများကို လက်တွေ့ပြသရာတွင်လည်းကောင်း အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်သည်။
  2. အစ္စလာမ်သာသနာသည် အခြားဘာသာတရားအားလုံးထက် သာလွန်မြင့်မြတ်သည်။ အစ္စလာမ်သာသနာသည် ကျွန်ုပ်တို့အား ဂျန္နသ်သုခဘုံသို့ပို့ဆောင်ပေးမည့် ဖြောင့်မတ်မှန်ကန်သောလမ်းပင်ဖြစ်သည်။
  3. အလ္လာဟ်အရှင်မြတ်က ဟလာလ်၊ ဟရာမ်ဟူ၍ သတ်မှတ်ထားသည့်ကန့်သတ်ချက်များကို လိုက်နာရန်အရေးကြီးသည်။ ဤအရာများ၌ ပေါ့ပေါ့တန်တန် ပြုလုပ်သူသည် ပျက်စီးဆုံရှုံးမည်ဖြစ်သည်။
  4. ကုရ်အာန်ကျမ်းမြတ်၏ ထွတ်မြတ်မှုနှင့်အရေးပါမှုကို တင်ပြထားသည်။
  5. လမ်းမှန်တရား၊ လင်းရောင်ခြည်နှင့် အောင်မြင်မှုတို့ပါရှိသည့် ကုရ်အာန်ကျမ်းမြတ်အပေါ် လိုက်နာကျင့်သုံးရန် တိုက်တွန်းထားသည်။
  6. အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအပေါ်ထားရှိသည့် ကရုဏာတော်တစ်ရပ်မှာ ပျက်စီးဆုံးရှုံးမှုသို့ ကျရောက်ခြင်းမှ တားဆီး နှိုးဆော်ပေးမည့် အီမာန်သက်ဝင်ယုံကြည်မှုကို မုအ်မင်န်တို့၏ နှလုံးသားတွင်း၌ ထည့်သွင်းပေးထားခြင်းဖြစ်သည်။
အမျိုးအစားများ
ထပ်၍