عَنْ النَّوَّاسِ بْنِ سَمْعَانَ الْأَنْصَارِيِّ رضي الله عنه عَنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«ضَرَبَ اللهُ مَثَلًا صِرَاطًا مُسْتَقِيمًا، وَعَلَى جَنْبَتَيْ الصِّرَاطِ سُورَانِ، فِيهِمَا أَبْوَابٌ مُفَتَّحَةٌ، وَعَلَى الْأَبْوَابِ سُتُورٌ مُرْخَاةٌ، وَعَلَى بَابِ الصِّرَاطِ دَاعٍ يَقُولُ: أَيُّهَا النَّاسُ، ادْخُلُوا الصِّرَاطَ جَمِيعًا، وَلَا تَتَعَرَّجُوا، وَدَاعٍ يَدْعُو مِنْ فَوْقِ الصِّرَاطِ، فَإِذَا أَرَادَ يَفْتَحُ شَيْئًا مِنْ تِلْكَ الْأَبْوَابِ، قَالَ: وَيْحَكَ لَا تَفْتَحْهُ، فَإِنَّكَ إِنْ تَفْتَحْهُ تَلِجْهُ، وَالصِّرَاطُ الْإِسْلَامُ، وَالسُّورَانِ: حُدُودُ اللهِ، وَالْأَبْوَابُ الْمُفَتَّحَةُ: مَحَارِمُ اللهِ، وَذَلِكَ الدَّاعِي عَلَى رَأْسِ الصِّرَاطِ: كِتَابُ اللهِ، وَالدَّاعِي مِنِ فَوْقَ الصِّرَاطِ: وَاعِظُ اللهِ فِي قَلْبِ كُلِّ مُسْلِمٍ».

[صحيح] - [رواه الترمذي وأحمد] - [مسند أحمد: 17634]
المزيــد ...

နောင်ဝါစ်ဗင်န် စမ်အာန် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သည့်လမ်းအား ဘေးတွင်တံတိုင်းနှစ်ဖက်ပါရှိသည့်လမ်းဖြင့် ပမာပေးတော်မူခဲ့သည်။ ထိုတံတိုင်းနှစ်ဘက်တွင် ဖွင့်ထားသည့် တံခါးများရှိပြီး ထိုတံခါးများတွင် တွဲလောင်းချထားသောလိုက်ကာများရှိသည်။လမ်း၏ဝင်ပေါက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိသည်။ ၎င်းက အို လူသားအပေါင်းတို့ အသင်တို့အားလုံး လမ်းထဲသို့ဝင်ရောက်ကြပါ မတိမ်းစောင်းသွားကြနှင့်ဟု ဖိတ်ခေါ်နေသည်။ ထို့အတူ လမ်း၏အပေါ်ဘက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိသည်။ ၎င်းက ထိုတံခါးများအနက်မှ တံခါးတစ်ခုခုကိုဖွင့်လိုသူအားပြောမည်မှာ သင့်အတွက် ဝမ်းနည်းလေစွ၊ ၎င်းကိုမဖွင့်လေနှင့် အကယ်၍ အသင်ဖွင့်လိုက်လျှင် ဝင်ရောက်သွားလိမ့်မည်။ လမ်းဟူသည် အစ္စလာမ်ကိုဆိုလိုပြီး တံတိုင်းနှစ်ခုသည် အလ္လာဟ်အရှင်မြတ်၏ ကန့်သတ်နယ်နိမိတ်များကို ဆိုလိုသည်။ ဖွင့်ထားသည့် တံခါးများသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင်လမ်း၏ ဝင်ပေါက်တွင်ဖိတ်ခေါ်သူဟူသည် ကုရ်အာန်ကျမ်းမြတ်ကို ဆိုလိုခြင်းဖြစ်သည်။လမ်း၏အပေါ်ဘက်မှ ဖိတ်ခေါ်သူဟူသည် မွတ်စ်လင်မ်တိုင်း၏ နှလုံးသားထဲတွင်ရှိသည့် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဆုံးမသူ(အီမာန်ယုံကြည်မှုပင်) ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه الترمذي وأحمد] - [مسند أحمد - 17634]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ- အလ္လာဟ်အရှင်မြတ်သည် အစ္စလာမ်သာသနာကို အကွေ့အကောက်မရှိဘဲ ရှည်လျားပြီးဖြောင့်မတ်မှန်ကန်သည့်လမ်းဖြင့် ပမာပေးတော်မူခဲ့သည်။ ထိုလမ်း၏ ဘေးနှစ်ဘက်တွင် တံတိုင်းနှစ်ခု ကာရံထားပြီး ၎င်းတံတိုင်းနှစ်ခုမှာ အလ္လာဟ်အရှင်မြတ်၏ ကန့်သတ်နယ်နိမိတ်များဖြစ်သည်။ ယင်းတံတိုင်းနှစ်ခုတွင် ဖွင့်ထားသည့်တံခါးများရှိပြီး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ အဖြစ် တားဆီးထားသည့် အရာများဖြစ်ကြသည်။ ထိုတံခါးများပေါ်တွင် လိုက်ကာများရှိပြီး လမ်းပေါ်မှ လျှောက်လှမ်းသွားသူအတွက် ထိုတံခါးများအတွင်း၌ မည်သူရှိကြောင်းကို မသိရပေ။ လမ်း၏အစတွင် လူတို့အား လမ်းညွှန်ဖိတ်ခေါ်နေသူတစ်ဦးရှိပြီး ၎င်းက လူတို့အား သင်တို့သည် ထိုလမ်းမပေါ်၌ ဘယ်ညာ မတိမ်းစောင်းဘဲ လျှောက်လှမ်းကြပါဟု ဖိတ်ခေါ်လျှက်ရှိသည်။ ဤသို့ဖိတ်ခေါ်နေသူမှာ အလ္လာဟ်အရှင်မြတ်၏ကျမ်းတော် ကုရ်အာန်ကျမ်းမြတ်ပင်ဖြစ်သည်။ ထို့အတူ လမ်း၏အပေါ်ဘက်တွင် အခြားဖိတ်ခေါ်သူတစ်ဦးရှိနေပြီး ၎င်းက ထိုလမ်းပေါ်တွင် လျှောက်လှမ်းနေသူတစ်ဦးက တံခါးများရှိ လိုက်ကာများကို အနည်းငယ်မျှ ဖွင့်ကြည့်ရန် ရည်ရွယ်လိုက်တိုင်း ၎င်းအား သတိပေးကြိမ်းမောင်းပြောဆိုသည်မှာ သင့်အတွက် ဝမ်းနည်းလေစွ၊ ၎င်းကိုမဖွင့်လေနှင့် အကယ်၍ အသင်ဖွင့်လိုက်လျှင် ဝင်ရောက်သွားလိမ့်မည်။ ထိုထဲသို့ မဝင်ရောက်ရန် မိမိကိုယ် မိမိထိန်းချုပ်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ ဤသို့ဖိတ်ခေါ်သူသည် မွတ်စ်လင်မ်တိုင်း၏ နှလုံးသားထဲတွင်ရှိသည့် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဆုံးမသူ(အီမာန်ယုံကြည်မှုပင်) ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အစ္စလာမ်သည် မှန်ကန်သည့် သာသနာဖြစ်ပြီး ၎င်းသည် ကျွန်ုပ်တို့အား ဂျန္နသ်သုခဘုံသို့ပို့ဆောင်ပေးမည့် ဖြောင့်မတ်မှန်ကန်သော လမ်းပင်ဖြစ်သည်။
  2. အလ္လာဟ်အရှင်မြတ်က ဟလာလ်၊ ဟရာမ်ဟူ၍ သတ်မှတ်ထားသည့်ကန့်သတ်ချက်များကို လိုက်နာရန်အရေးကြီးသည်။ ဤကိစ္စ၌ ပေါ့ပေါ့တန်တန် ပြုလုပ်သူသည် ပျက်စီးဆုံရှုံးမည်ဖြစ်သည်။
  3. ကြီးကျယ်မြင့်မြတ်သည့် ကုရ်အာန်ကျမ်းမြတ်၏ ထွတ်မြတ်မှုကို ဖော်ပြထားပြီး ကုရ်အာန်ကျမ်းမြတ်အပေါ် လိုက်နာကျင့်သုံးရန် တိုက်တွန်းထားသည်။ ထိုကျမ်းမြတ်တွင် လမ်းမှန်တရား၊ လင်းရောင်ခြည်နှင့် အောင်မြင်မှုတို့ပါရှိသည်။
  4. အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအပေါ်ထားရှိသည့် ကရုဏာတော်တစ်ရပ်မှာ ပျက်စီးဆုံးရှုံးမှုသို့ ကျရောက်ခြင်းမှ တားဆီး နှိုးဆော်ပေးမည့် အီမာန်သက်ဝင်ယုံကြည်မှုကို မုအ်မင်န်တို့၏ နှလုံးသားတွင်း၌ ထည့်သွင်းပေးထားခြင်းဖြစ်သည်။
  5. အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကရုဏာတော်ဖြင့် ကျေးကျွန်များ အပြစ်အကုသိုလ်ထဲသို့ ကျရောက်ခြင်းမှ တားမြစ်ပေးမည့် အတားဆီးများကို ပြုလုပ်ပေးထားတော်မူသည်။
  6. အနီးစပ်ဆုံးနှင့် အရှင်းလင်းဆုံးဖြစ်ရန်အတွက် ဥပမာပေး၍ တင်ပြပြောဆိုခြင်းသည် သင်ကြားပို့ချသည့် နည်းစနစ်တစ်ခုပင်ဖြစ်သည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি الفولانية အီတလီ অরমো কন্নড় الولوف البلغارية আজারী اليونانية الأوزبكية الأوكرانية الجورجية اللينجالا المقدونية الخميرية البامبارية البنجابية الماراثية الدنماركية الكيروندي
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍