عن جابر بن عبد الله، أن النبي - صلى الله عليه وسلم - قال: "لا تعلموا العلم لتباهوا به العلماء، ولا لتماروا به السفهاء، ولا تخيروا به المجالس، فمن فعل ذلك، فالنار النار".
[صحيح] - [رواه ابن ماجه]
المزيــد ...

ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ဧကန်အမှန်ပင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူခဲ့သည်မှာ အသင်တို့သည် ပညာရှင်များအပေါ် ဂုဏ်ဖော်ရန်၊ ပညာမဲ့များနှင့် ငြင်းခုံရန်၊ ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန် ရည်ရွယ်ချက်ဖြင့် သာသနာ့ပညာအား မသင်ယူကြလေနှင့်။ မည်သူမဆို ဤကဲ့သို့ (ရည်ရွယ်ချက်ဖြင့်)သင်ယူခဲ့ပါက ငရဲမီးသို့ ကျရောက်ရမည်။ ငရဲမီးသို့ ကျရောက်ရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အိဗ်နုမာဂျဟ်ကျမ်း။

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည့် အသင်တို့သည် ပညာရှင်များအပေါ် ဂုဏ်ဖော်ရန် ပညာမသင်ယူကြလေနှင့်။ ဆိုသည်မှာ ပညာရှင်များအပေါ် ကြွားဝါဂုဏ်ဖော်ရန်၊ သာသနာ့ပညာရှင်များအား ကျွန်ုပ်သည်လည်း အသင်တို့ကဲ့သို့ ပညာရှင်တစ်ဦးပင်ဖြစ်သည်ဟု ပြောဆိုရန်၊ လူတို့အပေါ် မာန်မာနထောင်လွှားရန် အတွက် ပညာသင်ယူခြင်းမပြုကြနှင့်ဟု ဆိုလိုခြင်းဖြစ်သည်။ ပညာမဲ့များနှင့် ငြင်းခုံရန် မသင်ယူကြနှင့်။ ဆိုလိုသည်မှာ အသိပညာနည်းပါးသူများ၊ ပညာမဲ့များနှင့် အငြင်းအခုံပြုရန်အတွက် မသင်ယူကြနှင့်ဟု ဆိုလိုခြင်းဖြစ်သည်။ အသင်တို့သည် ၎င်းတို့အား ကျွန်ုပ်တို့သည် သင်တို့ထက် ပညာပိုရှိပြီး သင်တို့သည် လူပြိန်းများဖြစ်ကြသည်ဟု မပြောဆိုကြလေနှင့်။ထိုသို့ပြောဆိုခြင်းဖြင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ ရန်ညှိုးထားခြင်းတို့ ဖြစ်ပေါ်လာတတ်သည်။ ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန် ရည်ရွယ်ချက်ဖြင့် မသင်ယူကြနှင့်ဆိုသည်မှာ လူတို့၏တွေ့ဆုံပွဲများ၌ အခြားသူများထက် ထင်ပေါ်ကျော်ကြားရန်၊ နေရာကောင်းရရှိရန်နှင့်ရှေ့တန်းရောက်ရန် ရည်ရွယ်ချက်မျိုးဖြင့် မသင်ယူကြနှင့်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် မည်သူမဆို ပညာရှင်တို့အပေါ် ပညာဖြင့် ဂုဏ်ဖော်ခြင်းပြုမည်။ ပညာမဲ့များနှင့် ငြင်းခုံမည်။ ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန် လုပ်ဆောင်မည်ဆိုပါက ထိုသူသည် ဂျဟန္နမ်ငရဲမီးထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။ သို့သော် ဂျဟန္နမ်၌ အမြဲထာဝရမနေထိုင်ရမည် မဟုတ်ပေ။ သို့ဖြစ်၍ ငရဲမီးမှ ရှောင်ကြဉ်ရမည်ဖြစ်သည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည် ကျယ်ဝန်းလှပေရာ မိမိအလိုရှိပါက ၎င်းအား ခွင့်လွှတ်တော်မူခဲ့လျှင် ထိုသူငရဲမီးသို့ ဝင်ရောက်ရမည် မဟုတ်တော့ပေ။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဂုဏ်ဖော်ရန် သို့မဟုတ် ငြင်းခုံရန် သို့မဟုတ် ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန် ရည်ရွယ်ချက်ဖြင့် သာသနာ့ပညာကို သင်ယူသူအား ဂျဟန္နမ်ငရဲမီးဖြင့် သတိပေးခြိမ်းခြောက်ထားသည်။
  2. အသိပညာ ရှာဖွေဆည်းပူးရာ၌( နိယသ်) ရည်စူးချက်အား မှန်ကန်အောင်ပြုပြင်ရန် အရေးကြီးသည်။ ပညာသင်ယူခြင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်ရမည်။
  3. (နိယသ်)ရည်စူးချက်သည် အအ်မာလ် ကျင့်ဆောင်မှုများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး နောင်တမလွန်၌ အစားရရှိခြင်းသည် ထိုရည်စူးချက်အပေါ်တွင် မူတည်သည်။
အမျိုးအစားများ
ထပ်၍