عَنْ عَلِيٍّ رضي الله عنه قَالَ:
كُنْتُ رَجُلًا مَذَّاءً وَكُنْتُ أَسْتَحْيِي أَنْ أَسْأَلَ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ لِمَكَانِ ابْنَتِهِ فَأَمَرْتُ الْمِقْدَادَ بْنَ الْأَسْوَدِ فَسَأَلَهُ فَقَالَ: «يَغْسِلُ ذَكَرَهُ وَيَتَوَضَّأُ». وَلِلبُخَاريِّ: فَقَالَ: «تَوَضَّأْ وَاغْسِلْ ذَكَرَكَ».

[صحيح] - [متفق عليه] - [صحيح مسلم: 303]
المزيــد ...

အလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။
ကျွန်တော်သည် ‘မဇီ’အလွန်ထွက်သူဖြစ်သည်။ ကိုယ်တော်၏သမီးသည် ကျွန်တော်၏ဇနီးဖြစ်နေသည့်အတွက် ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းရန် ရှက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် မိက်ဒါဒ်ဗင်န် အတ်စ်ဝဒ်အား မေးမြန်းခိုင်းသည်။ ၎င်းကကိုယ်တော်အား လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မိမိ၏အရှက်အင်္ဂါအားဆေးကြောပါ။ ဝုဿွူပြုလုပ်ပါ။ ဗုခါရီကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ အသင် ဝုဿွူပြုပါ။ သင့်အရှက်အင်္ဂါအား ဆေးကြောပါ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 303]

ရှင်းလင်းချက်

အလီဗင်န် အဗီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ သူသည် ‘မဇီ’အလွန်ထွက်သူဖြစ်သည်။ (‘မဇီ’ဟူသည် ရာဂစိတ်ဖြစ်ပေါ်လာချိန် သို့မဟုတ် လိင်မဆက်ဆံမီ လိင်အင်္ဂါမှ ထွက်လာသော စေးကပ်သော အရည်ကြည်တစ်မျိုး ဖြစ်သည်။) သူသည် ‘မဇီ’ထွက်သောအခါ မည်သို့ပြုရမည်ကို မသိခဲ့‌ပါ။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏သမီးတော် ဖာသွိမဟ် (ရဿွိယလ္လာဟုအန်ဟာ)၏ ခင်ပွန်းဖြစ်သောကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အားမေးမြန်းရန်လည်း ရှက်မိသည်။ ထို့ကြောင့် ဤကိစ္စကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးမြန်းပေးရန် မိက္ကဒါဒ် ဗင်န် အတ်စ်ဝဒ်အား တောင်းဆိုခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိက္ကဒါဒ်အား ဖြေ ကြားသည်မှာ ထိုသူသည် မိမိ၏ အရှက်အင်္ဂါအား ဆေးကြောရမည်။ ပြီးနောက် ဝုဿွူပြုလုပ်ရမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလီ (ရဿွိယလ္လာဟုအန်ဟု)၏ မွန်မြတ်မှုကို ဖော်ပြထားသည်။ အရှက်တရားက သူ့အား တစ်ဆင့်ခံဖြင့် မေးမြန်းခြင်းကို စွန့်လွှတ်ရန် အတားအဆီးမဖြစ်စေခဲ့ပါ။
  2. အခြားသူကိုယ်စား ဖသ်ဝါမေးခွင့်ရှိသည်။
  3. လူသားသည် ကောင်းကျိုးအတွက် မိမိရှက်သည့်ကိစ္စကိုပင် အသိပေးခွင့်ရှိသည်။
  4. ‘မဇီ’သည် မသန့်သောကြောင့် ခန္ဓာကိုယ်နှင့် အဝတ်စားတွင်ပေကျံသွားပါက ဆေးကြောပစ်ရန် အရေးကြီးသည်။
  5. ‘မဇီ’ထွက်ခြင်းသည် ဝုဿွူပျက်စေသည့် အချက်များတွင် ပါဝင်သည်။
  6. အခြားဟဒီးဆ်တော်တွင် ဖော်ပြထားသည့်အတိုင်း နှင့် အရှက်အင်္ဂါနှင့် ကပ်ပယ်ကိုပါဆေးကြောရန် တာဝန်ရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
ထပ်၍