عَنْ أَنَسٍ رضي الله عنه قَالَ:
كَانَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يُكْثِرُ أَنْ يَقُولَ: «يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ»، فَقُلْتُ: يَا رَسُولَ اللهِ، آمَنَّا بِكَ وَبِمَا جِئْتَ بِهِ فَهَلْ تَخَافُ عَلَيْنَا؟ قَالَ: «نَعَمْ، إِنَّ القُلُوبَ بَيْنَ أُصْبُعَيْنِ مِنْ أَصَابِعِ اللهِ يُقَلِّبُهَا كَيْفَ يَشَاءُ».
المزيد
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မကြာခဏ ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် - "အို-စိတ်နှလုံးများကို လှည့်ပြောင်းတော်မူသောအရှင်၊ ကျွန်တော်မျိုး၏ စိတ်နှလုံးသားကို အရှင်မြတ်၏ဒီန်သာသနာပေါ်၌ ခိုင်မြဲစွာထားတော်မူပါ။ ထိုအခါ
ကျွန်ုပ်က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့သည် ကိုယ်တော့်ကို အီမာန်သက်ဝင်ယုံကြည်ခဲ့ပြီး ကိုယ်တော်ယူဆောင်လာသော ဒီန်သာသနာကိုလည်း သက်ဝင်ယုံကြည်ခဲ့ပါသည်။ သို့ပါလျက် ကိုယ်တော်သည် ကျွန်တော်မျိုးတို့နှင့်ပတ်သက်၍ စိုးရိမ်တော်မူပါသလား" ဟု လျှောက်ထားမေးမြန်းခဲ့သည်။
ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ဟုတ်တယ် (ငါကိုယ်တော်အသင်တို့နှင့်ပတ်သတ်၍ စိုးရိမ်တော်မူသည်။) မုချဧကန် စိတ်နှလုံးသားများသည် အလ္လာဟ်အရှင်မြတ်၏ လက်ချောင်းနှစ်ချောင်းကြားတွင် ရှိတော်မူ၏။ အရှင်မြတ်သည် အလိုရှိတော်မူသလို ၎င်းတို့ကို လှည့်ပြောင်းတော်မူ၏" ဟု မိန့်ကြားတော်မူသည်။