عَنْ أَبِي هُرَيْرَةَ رضي الله عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«بَادِرُوا بِالْأَعْمَالِ فِتَنًا كَقِطَعِ اللَّيْلِ الْمُظْلِمِ، يُصْبِحُ الرَّجُلُ مُؤْمِنًا وَيُمْسِي كَافِرًا، أَوْ يُمْسِي مُؤْمِنًا وَيُصْبِحُ كَافِرًا، يَبِيعُ دِينَهُ بِعَرَضٍ مِنَ الدُّنْيَا».

[صحيح] - [رواه مسلم] - [صحيح مسلم: 118]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မှောင်မိုက်သော ညအစိတ်အပိုင်းကဲ့သို့ဖြစ်ပေါ်လာမည့် ဖိသ်နဟ်(စမ်းသပ်မှုများ) မတိုင်မီ အသင်တို့သည် ကောင်းမှုများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြပါ။ ထိုအချိန်တွင် လူတစ်ဦးသည် နံနက်ခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး ညနေခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားလိမ့်မည်။ သို့မဟုတ် ညနေခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး နံနက်ခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားလိမ့်မည်။ ၎င်းသည် လောကီအကျိုးစီးပွားအတွက် မိမိ၏သာသနာကို ရောင်းစားမည် ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 118]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မို့အ်မင်န်များအား ကောင်းမှုများကို တားဆီးပိတ်ပင်ပစ်မည့် ဖိသ်နဟ် စမ်းသပ်မှုများနှင့် ဒွိဟသံသယများ မကျရောက်မည်အလျှင် ကောင်းမှုများကို မြန်မြန်ဆန်ဆန်နှင့် အများအပြား ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားတော်မူသည်။ ထိုဖိသ်နဟ်များသည် ည၏အစိတ်အပိုင်းကဲ့သို့ အလွန်မှောင်မိုက်ပြီး အမှားနှင့်အမှန်ရာထွေးနေကာ လူတို့အနေဖြင့် ၎င်းတို့ကို ခွဲခြားရန် ခက်ခဲမည်ဖြစ်သည်။ ထိုဖိသ်နဟ်စမ်းသပ်မှုများ၏ ပြင်းထန်မှုကြောင့် လူတစ်ဦးသည် နံနက်ခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး ညနေခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားလိမ့်မည်။ သို့မဟုတ် ညနေခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး နံနက်ခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားမည်ဖြစ်သည်။ ၎င်းသည် ကွယ်ပျောက်သွားမည်ဖြစ်သော လောကီအကျိုးစီးပွား တစ်ခုအတွက် မိမိသာသနာကို စွန့်လွှတ်လိုက်မည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သာသနာကို ခိုင်မြဲစွာ စွဲကိုင်တွယ်ထားရန် အရေးကြီးပြီး အတားအဆီးများ မဖြစ်ပေါ်မည် ကောင်းမှုကုသိုလ်များကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စောလျှင်စွာပြုလုပ်သင့်သည်။
  2. နောက်ဆုံးခတ်သမယတွင် လမ်းမှားစေမည့် ဖိသ်နဟ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ညွှန်ပြထားသည်။ ဖိသ်နဟ်တစ်ခု ပြီးဆုံးသွားတိုင်း အခြားဖိသ်နဟ်တစ်ခု ဆက်လက်ဖြစ်ပေါ်လာမည်။
  3. လူတစ်ဦး၏ သာသနာရေးသည် အားနည်းပါက ဥစ္စာပစ္စည်းနှင့် အခြားလောကီအရေးကိစ္စများအတွက် သာသနာကို စွန့်လွှတ်လာမည်ဖြစ်သည်။ ထိုအချက်ကပင် ၎င်းသူလမ်းလွဲသွားခြင်း၊ သာသနာကို စွန့်ခွာခြင်း၊ ဖိသနာများနောက်သို့ လိုက်ပါသွားခြင်း၏ အကြောင်းခံပင်ဖြစ်သည်။
  4. အမလ်ကောင်းမှုများသည် ဖိသ်နဟ်များမှ လွတ်မြောက်ရန်အတွက် အကြောင်းခံတစ်ခုဖြစ်ကြောင်း ဟဒီးဆ်တော်တွင် အထောက်အထားပါရှိသည်။
  5. ဖိသ်နဟ် နှစ်မျိုးရှိသည်။ ဒွိဟသံသယများနှင့် သက်ဆိုင်သည့် ဖိသ်နဟ်၊ ၎င်းကို အိလ်မ် အသိပညာဖြင့် ကုစားရမည်။ စိတ်အလိုရမ္မက်များနှင့် သက်ဆိုင်သည့် ဖိသ်နဟ်၊ ၎င်းကို အီမာန် ယုံကြည်မှု၊ ဆွဗရ် သည်းခံခြင်းတရားတို့ဖြင့် ကုစားရမည်။
  6. ဟဒီးဆ်တော်က ညွှန်ပြထားသည့် အချက်တစ်ခုမှာ အမလ်ကောင်းမှုနည်းပါးသူထံ ဖိသ်နဟ်သည် လျင်မြန်စွာ ဆိုက်ရောက်လာမည်ဖြစ်သည်။ အမလ်ကောင်းမှု များပြားသူသည် မိမိတွင်ရှိသော ကောင်းမှုများဖြင့်လှည်းစားမခံသင့်ဘဲ ပို၍များပြားအောင် ဆောင်ရွက်ရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (54)
ထပ်၍