عن أبِي هُرَيرةَ رضي الله عنه أنَّ رسول الله صلى الله عليه وسلمَ قال:
«إذا قُلْتَ لِصَاحِبِكَ: أَنْصِتْ، يومَ الجمعةِ، والْإِمامُ يَخْطُبُ، فَقَدْ لَغَوْتَ».
[صحيح] - [متفق عليه] - [صحيح مسلم: 851]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သောကြာနေ့ အိမာမ် ခွသ်ဗဟ် မိန့်ခွန်းပြောနေစဉ် သင့်နံဘေးတွင် ရှိသောသူကို ဆိတ်ဆိတ်နေပါဟု အသင်ပြောဆိုလျှင် အမှန်တကယ် အသင်သည် အချည်းနှီးကိစ္စတစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 851]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သောကြာနေ့ ခွသ်ဗဟ်ကို နားထာင်ရန် လာရောက်ကြသူများ လိုက်နာရန်အရေးကြီးသည့် စည်းကမ်းကို ရှင်းပြတော်မူခဲ့သည်။ ၎င်းမှာ တရားစကားများကို စဥ်းစားဆင်ခြင်နိုင်ရန်အတွက် တရားဟောကြားသူ၏ ခွသ်ဗဟ်ကို တိတ်ဆိတ်စွာ နားထောင်ရမည်ဖြစ်သည်။ အကြင်သူသည် အိမာမ် ခွသ်ဗဟ် မိန့်ကြားနေစဉ် စကားအနည်းအကျဉ်းမျှပင်ဖြစ်စေ ဥပမာ- မိမိနံဘေးတွင်ရှိသူကို “ဆိတ်ဆိတ်နေပါ” “ခွသ်ဗဟ် နားထောင်ပါ“ ဟူသည့်စကားမျိုးကိုပင်ဖြစ်စေ ပြောဆိုလိုက်ပါက ဂျုမုအဟ် ဆွလာသ်၏ ထွတ်မြတ်မှုမှ လက်မဲ့ဖြစ်သွားမည်ဖြစ်သည်။