عَنْ حُمْرَانَ مَوْلَى عُثْمَانَ بْنِ عَفَّانَ رضي الله عنه:
أَنَّهُ رَأَى عُثْمَانَ بْنَ عَفَّانَ دَعَا بِوَضُوءٍ، فَأَفْرَغَ عَلَى يَدَيْهِ مِنْ إِنَائِهِ، فَغَسَلَهُمَا ثَلَاثَ مَرَّاتٍ، ثُمَّ أَدْخَلَ يَمِينَهُ فِي الْوَضُوءِ، ثُمَّ تَمَضْمَضَ وَاسْتَنْشَقَ وَاسْتَنْثَرَ، ثُمَّ غَسَلَ وَجْهَهُ ثَلَاثًا، وَيَدَيْهِ إِلَى الْمِرْفَقَيْنِ ثَلَاثًا، ثُمَّ مَسَحَ بِرَأْسِهِ، ثُمَّ غَسَلَ كُلَّ رِجْلٍ ثَلَاثًا، ثُمَّ قَالَ: رَأَيْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَتَوَضَّأُ نَحْوَ وُضُوئِي هَذَا، وَقَالَ: «مَنْ تَوَضَّأَ نَحْوَ وُضُوئِي هَذَا ثُمَّ صَلَّى رَكْعَتَيْنِ لَا يُحَدِّثُ فِيهِمَا نَفْسَهُ غَفَرَ اللهُ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ».
[صحيح] - [متفق عليه] - [صحيح البخاري: 164]
المزيــد ...
အွတ်စ်မာန်ဗင်န် အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု) သူကောင်းပြုထားသည့်ကျွန် ဟုမ်ရာန်က ဆင့်ပြန်ခဲ့သည်။ သူသည် အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)အား ဝုဿူပြုရန်ရေတောင်းသည်ကို တွေ့ခဲ့သည်။ ၎င်းနောက် အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)သည် အိုးထဲမှရေကို လက်ဖဝါးနှစ်ဖက်ပေါ် လောင်း၍ သုံးကြိမ် ဆေးကြောခဲ့သည်။ထို့နောက် မိမိညာလက်ကို အိုးထဲထည့်ပြီး ရေယူကာ ပလုတ်ကျင်းသည် ၎င်းနောက် နှာခေါင်းတွင်းရေရှူသွင်းပြီး ညှစ်ထုတ်ကာ သန့်စင်မှုပြုလုပ်သည်။ တဖန် မိမိမျက်နှာကို သုံးကြိမ်ဆေးကြောသည်။ ပြီးနောက် လက်နှစ်ဖက်ကို တံတောင်ဆစ် အပါအဝင် သုံးကြိမ်ဆေးကြောသည်။ ထို့နောက် ဦးခေါင်းကို မစဟ်ပြုပွတ်သပ်သည်။ ပြီးနောက် မိမိ၏ခြေထောက်နှစ်ဖက်ကို ခြေမျက်စိအပါအဝင် သုံးကြိမ်ဆေးကြောသည်။ ထို့နောက် ပြောကြားသည်မှာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်၏ ဤဝုဿူအတိုင်း ဝုဿူပြုတော်မူသည်ကို ကျွန်တော်မြင်တွေ့ခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်။ အကြင်သူသည် ငါကိုယ်တော်၏ ဤဝုဿူပြုနည်းအတိုင်း ဝုဿူပြုလုပ်ပြီး ဆွလာသ်နှစ်ရကအသ်ဆောက်တည်မည်။ ယင်းနှစ်ရကအသ်ထဲတွင် စိတ်ထဲမှစကားပြောခြင်း(ဟိုဒီတွေးခြင်း)မပြုလျှင် ထိုသူယခင်က ကျူးလွန်ခဲ့သော အပြစ်များ ခွင့်လွှတ်ခြင်းခံရမည် ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 164]
အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝုဿူပြုနည်းအား ပိုမိုရှင်းလင်းစေရန်အတွက် လက်တွေ့နည်းလမ်းဖြင့် သင်ကြားပေးခဲ့သည်။ သာဝကကြီးသည် ရေတစ်ခွက်တောင်းယူပြီး မိမိလက်နှစ်ဖက်ပေါ် သုံးကြိမ်လောင်း၍ ဆေးကြောခဲ့သည်။ ထို့နောက် မိမိညာလက်ကို အိုးထဲထည့်၍ ရေယူကာ ပလုတ်ကျင်းပြီး ထွေးထုတ်ခဲ့သည်။ ၎င်းနောက် နှာခေါင်းတွင်းရေရှူသွင်းပြီး ညှစ်ထုတ်ကာ သန့်စင်မှုပြုခဲ့သည်။ ထို့နောက် မိမိမျက်နှာကို သုံးကြိမ်ဆေးကြောခဲ့သည်။ ပြီးနောက် လက်နှစ်ဖက်ကို တံတောင်ဆစ် အပါအဝင် သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် စိုနေသောလက်ဖြင့် ဦးခေါင်းကို တစ်ကြိမ် မစဟ်ပြုပွတ်သပ်ခဲ့သည်။ ပြီးနောက် မိမိ၏ခြေထောက်နှစ်ဖက်ကို ခြေမျက်စိအပါအဝင် သုံးကြိမ်ဆေးကြောခဲ့သည်။
အွတ်စ်မာန်(ရဿွိယလ္လာဟုအန်ဟု)သည် ဝုဿူပြုပြီးနောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤဝုဿူအတိုင်း ဝုဿူပြုတော်မူသည်ကို မိမိမြင်တွေ့ခဲ့ကြောင်း ပြောပြခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းတို့အား သတင်းကောင်းပြောကြားခဲ့သည်။ မည်သူမဆို ငါကိုယ်တော်ဝုဿူပြုသည့်နည်းအတိုင်း ဝုဿူပြုပြီး အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် စိတ်နှလုံးသားအတွင်းမှ ကျိုးနွံမှုနှင့်တကွ ဆွလာသ်နှစ်ရကအသ် ဆောက်တည်မည်ဆိုပါက ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ပြည့်စုံသည့် ဝုဿူနှင့် အိခ်လာဆ်ွနှင့် ဆောက်တည်သည့် ဆွလာသ်၏အစား ထိုသူယခင်က ကျူးလွန်ခဲ့သော အပြစ်များကို ခွင့်လွှတ်ချမ်းသာပေးတော်မူမည် ဖြစ်သည်။