عَنْ أَبِي هُرَيْرَةَ رضي الله عنه أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِذَا اسْتَيْقَظَ أَحَدُكُمْ مِنْ مَنَامِهِ فَلْيَسْتَنْثِرْ ثَلَاثَ مَرَّاتٍ، فَإِنَّ الشَّيْطَانَ يَبِيتُ عَلَى خَيَاشِيمِهِ».
[صحيح] - [متفق عليه] - [صحيح مسلم: 238]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အိပ်စက်ခြင်းမှ နိုးထလာသောအခါ နှာခေါင်းထဲ ရေရှူသွင်း ရှူထုတ်လုပ်ပြီး သုံးကြိမ်ဆေးကြောပါ။အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် ထိုသူ၏ နှာ ခေါင်းအရင်း၌ ညတာကုန်ဆုံး ( အိပ်စက် ) ခဲ့ခြင်းကြောင့်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 238]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အိပ်ရာမှ နိုးထလာသူအား နှာခေါင်းထဲ ရေရှူသွင်း ရှူထုတ်လုပ်ပြီး သုံးကြိမ်ဆေးကြောရန် တိုက်တွန်းတော်မူထားသည်။ "အလ်အစ်သင်န်စာရ်" ဆိုသည်မှာ နှာခေါင်းထဲသို့ ရေကို သွင်းပြီးနောက် ပြန်ထုတ်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ရခြင်း၏ အကြောင်းရင်းမှာ ရှိုင်သွာန်သည် "ခိုင်ရှူးမ်"နှာခေါင်းတစ်ခုလုံး၌ ညတာကုန်ဆုံး ( အိပ်စက် ) ခဲ့ခြင်းကြောင့်ဖြစ်သည်