عن عبد الله بن عمرو رضي الله عنهما عن النبي صلى الله عليه وسلم قال:
«مَنْ قَتَلَ مُعَاهَدًا لَمْ يَرَحْ رَائِحَةَ الْجَنَّةِ، وَإِنَّ رِيحَهَا تُوجَدُ مِنْ مَسِيرَةِ أَرْبَعِينَ عَامًا».
[صحيح] - [رواه البخاري] - [صحيح البخاري: 3166]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို ‘မုအာဟဒ်’ကတိစာချုပ် ချုပ်ဆိုထားသော ဘာသာခြားတစ်ဦးအား သတ်ဖြတ်ခဲ့သော် ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ မုချဧကန် ၎င်း၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 3166]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ‘မုအာဟဒ်’ (လုံခြုံမှုပေးရေး ကတိကဝတ်ဖြင့် မွတ်စ်လင်မ်နိုင်ငံသို့ ဝင်ရောက်လာသူ ဘာသာ ခြား)အား သတ်ဖြတ်သူနှင့် ပတ်သက်၍ ပြင်းထန်သည့် သတိပေးခြိမ်း ခြောက်မှု ရှိကြောင်းကို ရှင်းပြတော်မူခဲ့သည်။ ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ ဧကန်အမှန်ပင် ဂျန္နသ်၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။