عن أبي هريرة رضي الله عنه قال:
لَعَنَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ الرَّاشِيَ وَالْمُرْتَشِيَ فِي الْحُكْمِ.

[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي: 1336]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အမိန့်ဆုံးဖြတ်ချက်များအတွက် တံစိုးလက်ဆောင်ပေးသူနှင့် တံစိုးလက် ဆောင်ယူသူအား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ‘လအ်နသ်’အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးစေရန် မကောင်းဆုတောင်းတော်မူခဲ့သည်။

[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي - 1336]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လာဘ်ပေးသူ၊ လာဘ်ယူသူတို့အား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးစေရန် ဆုတောင်းတော်မူခဲ့သည်။
ထိုလုပ်ရပ်များတွင် တရားသူကြီးများအား ၎င်းတို့တာဝန်ယူထားသည့် စီရင်ဆုံးဖြတ်မှုများတွင် ဘက်လိုက်ရန်အတွက် ပေးသောအရာများလည်းပါဝင်သည်။ လာဘ်ပေးသူသည် လာဘ်ထိုးခြင်းဖြင့် မိမိလိုချင်သည့်အရာကို မတရားသဖြင့် ရယူခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လာဘ်ပေးခြင်း၊ လာဘ်ယူခြင်း၊ ကြားဝင်ဆောင်ရွက်ပေးခြင်း၊ အကူအညီပေးခြင်း စသည်တို့သည် လိမ်လည်လှည့်ဖျားမှုတွင် ရိုင်းပင်းကူညီခြင်းဖြစ်သောကြောင့် တားမြစ်ထားသည်။
  2. လာဘ်ပေး၊ လာဘ်ယူခြင်းသည် ကြီးလေးသောအပြစ်အကုသိုလ်ကြီးများတွင် ပါဝင်သည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လာဘ်ပေးသူနှင့် လာဘ်ယူသူတို့အား ‘လအ်နသ်’အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ ကင်းဝေးစေရန် မကောင်းဆုတောင်းတော်မူခဲ့သည်။
  3. တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးတို့၌ လာဘ်ပေး လာဘ်ယူပြုခြင်းသည် အကြီးဆုံးပြစ်မှုဒုစရိုက်နှင့် အပြင်းထန်ဆုံး အပြစ်အကုသိုလ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုခြင်း၌ မတရားမှုနှင့် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချထားခြင်းမရှိသော တရားဥပဒများဖြင့် ဆုံးဖြတ်ခြင်းတို့ပါဝင်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (61)
ထပ်၍