عَنْ وَابِصَةَ رضي الله عنه:
أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَأَى رَجُلًا صَلَّى وَحْدَهُ خَلْفَ الصَّفِّ، فَأَمَرَهُ أَنْ يُعِيدَ صَلَاتَهُ.
[حسن] - [رواه أبو داود والترمذي وابن ماجه وأحمد] - [مسند أحمد: 18000]
المزيــد ...
ဝါဗိစွဟ် ( ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတစ်ဦးကို စွတ်ဖ်အတန်းအနောက်တွင် တစ်ဦးတည်း ဆွလာသ်ဝတ်ပြုနေသည်ကို တွေ့မြင်ခဲ့ရာ ၎င်းအား ထိုဆွလာသ်ကို ပြန်လည်ဝတ်ပြုရန် အမိန့်ပေးတော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - [رواه أبو داود والترمذي وابن ماجه وأحمد] - [مسند أحمد - 18000]
တမန်တော်မြတ် (ဆွလလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လူတစ်ဦးကို စွတ်ဖ်အတန်း၏ အနောက်တွင် တစ်ဦးတည်း ဝတ်ပြုနေသည်ကို တွေ့မြင်ရသောအခါ ၎င်းအား ထိုဆွလာသ်ကို ပြန်လည်ဝတ်ပြုရန် အမိန့်ပေးတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ဆွလာသ်သည် ထိုသို့သောအခြေအနေတွင် မှန်ကန်မှုမရှိပေ။