عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«خَيْرُ صُفُوفِ الرِّجَالِ أَوَّلُهَا، وَشَرُّهَا آخِرُهَا، وَخَيْرُ صُفُوفِ النِّسَاءِ آخِرُهَا، وَشَرُّهَا أَوَّلُهَا».
[صحيح] - [رواه مسلم] - [صحيح مسلم: 440]
المزيــد ...
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အမျိုးသားများအတွက် အကောင်းဆုံး စွတ်ဖ်အတန်းသည် ပထမဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်း ဖြစ်သည်။ အမျိုးသမီးများအတွက် အကောင်းဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် ပထမဆုံးတန်း ဖြစ်သည်။
[صحيح] - [رواه مسلم] - [صحيح مسلم - 440]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဆွလာသ်ဝတ်ပြုရာတွင် အမျိုးသားများအတွက် အကောင်းဆုံး၊ အကျိုးဆုလာဘ် အများဆုံးနှင့် မွန်မြတ်မှုအရှိဆုံး စွတ်ဖ် (ဆွလာသ်ဝတ်ပြုချိန် တန်းစီသည့်လိုင်း) အတန်းသည် ပထမဆုံးစွတ်ဖ်အတန်းဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ပထမဆုံးစွတ်ဖ်အတန်းတွင် ရပ်သူများသည် အိမာမ်နှင့် နီးကပ်ပြီး၊ အိမာမ်၏ ကုရ်အာန်ဖတ်ရွတ်မှုကို ကောင်းစွာကြားနိုင်ခြင်းနှင့် အမျိုးသမီးများနှင့် ဝေးကွာခြင်းတို့ကြောင့် ဖြစ်သည်။ အမျိုးသားများအတွက် အဆိုးဆုံး၊ အကျိုးဆုလာဘ် အနည်းဆုံး၊ မွန်မြတ်မှုအနည်းဆုံး ရှရီအသ်တရားတော်၏ ရည်ရွယ်ချက်များနှင့် အဝေးဆုံး စွတ်ဖတ်အတန်းမှာ နောက်ဆုံးတန်း ဖြစ်သည်။ အမျိုးသမီးများအတွက် အကောင်းဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုစွတ်ဖ်အတန်းသည် သူမတို့အတွက် ပို၍ အကာအကွယ်လုံခြုံမှုရရှိပြီး၊ အမျိုးသားများနှင့် ရောနှောခြင်း၊ ၎င်းတို့အား မြင်တွေ့ရခြင်းနှင့် ၎င်းတို့ကိုအကြောင်းခံ၍ ဖြစ်ပေါ်လာမည့် ဖိသ်နဟ်များမှ ပို၍ဝေးကွာသောကြောင့် ဖြစ်သည်။ အမျိုးသမီးများအတွက် အဆိုးဆုံးစွတ်ဖ်အတန်းမှာ ပထမဆုံးတန်း ဖြစ်သည်။ အကြောင်းမှာ ထိုအတန်းသည် အမျိုးသားများနှင့် နီးကပ်ပြီး ဖိသ်နဟ်(စမ်းသပ်မှုပြသနာများ)နှင့် ရင်ဆိုင်ရနိုင်သောကြောင့် ဖြစ်သည်။