عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ غَدَا إِلَى الْمَسْجِدِ أَوْ رَاحَ أَعَدَّ اللهُ لَهُ فِي الْجَنَّةِ نُزُلًا، كُلَّمَا غَدَا أَوْ رَاحَ».
[صحيح] - [متفق عليه] - [صحيح مسلم: 669]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။
မည်သူမဆို မနက် (သို့မဟုတ်) ညနေတွင် ( ဆွလာသ်ဝတ်ပြုရန်အတွက် ) ဗလီသို့ သွားရောက်မည်ဆိုလျှင် မနက် (သို့မဟုတ်) ညနေသွားသည့်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ဂျန္နတ်သုခဘုံ၌ ဧည့်ခံကျွေးမွေးမှုကို အသင့်ပြင်ဆင်ထားတော်မူမည်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 669]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မည်သည့်အချိန်ဖြစ်စေ (မနက်ခင်း သို့မဟုတ် ညနေခင်း) တွင် ဝတ်ပြုကိုးကွယ်ရန်၊ သာသနာ့ပညာသင်ယူရန် သို့မဟုတ် အခြားသော ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် ဗလီသို့ သွားရောက်သူအား အလ္လာဟ်အရှင်မြတ်က ဂျန္နတ်သုခဘုံ၌ နေရာထိုင်ခင်းနှင့် ဧည့်ခံကျွေးမွေးမှုများကိုအသင့်ပြင်ဆင်ထားတော်မူကြောင်း သတင်းကောင်းပေးတော်မူခဲ့သည်။ ထိုသူသည် မနက်တိုင်း သို့မဟုတ် ညနေတိုင်းတွင် ဗလီသို့ သွားပါက (အကြိမ်တိုင်းအတွက် ဤကြီးကျယ်သော ဆုလာဘ်ကို ရရှိမည်ဖြစ်သည်။)