عَن أَبي هُرَيْرَةَ رضي الله عنه قَالَ: سَمِعْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«تَفْضُلُ صَلاَةُ الجَمِيعِ صَلاَةَ أَحَدِكُمْ وَحْدَهُ، بِخَمْسٍ وَعِشْرِينَ جُزْءًا، وَتَجْتَمِعُ مَلاَئِكَةُ اللَّيْلِ وَمَلاَئِكَةُ النَّهَارِ فِي صَلاَةِ الفَجْرِ» ثُمَّ يَقُولُ أَبُو هُرَيْرَةَ: فَاقْرَءُوا إِنْ شِئْتُمْ: {إِنَّ قُرْآنَ الفَجْرِ كَانَ مَشْهُودًا} [الإسراء: 78].
[صحيح] - [متفق عليه] - [صحيح البخاري: 648]
المزيــد ...
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
“ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းသည် တစ်ဦးတည်းဝတ်ပြုခြင်းထက် အဆပေါင်း နှစ်ဆယ့်ငါးဆ ပိုမိုမြင့်မြတ်သည်။ ထို့ပြင် ညအချိန်၏ ကောင်းကင်တမန်များနှင့် နေ့အချိန်၏ ကောင်းကင်တမန်များသည် ဖဂျရ်ဆွလာသ်အချိန်၌ စုဝေးကြသည်။” ထို့နောက် အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟ်အန်ဟု)က မိန့်ကြားသည်မှာ- အကယ်၍ အသင်တို့ အလိုရှိပါက ဤအာယသ်တော်ကို ရွတ်ဖတ်နိုင်သည်- {အမှန်စင်စစ် မိုးသောက်ချိန် ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်မှု (ဖဂျရ်ဆွလာသ် ဝတ်ပြုမှု)သည် (ကောင်းကင်တမန်များ) လာရောက်ချိန်ပင် ဖြစ်သည်။} (အလ်-အိစ်ရာအ်၊ ၇၈)
[صحيح] - [متفق عليه] - [صحيح البخاري - 648]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- အမျိုးသားတစ်ဦးသည် ဗလီ၌ အိမာမ်နှင့်အတူ ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းသည် သူ့အိမ်၌ဖြစ်စေ၊ ဈေး၌ဖြစ်စေ တစ်ဦးတည်း ဝတ်ပြုခြင်းထက် အဆပေါင်း နှစ်ဆယ့်ငါးဆ ပိုမိုမြင့်မြတ်သည်။ ထို့နောက် ညအချိန်၏ ကောင်းကင်တမန်များနှင့် နေ့အချိန်၏ ကောင်းကင်တမန်များသည် ဖဂျရ်ဆွလာသ်အချိန်၌ စုဝေးကြကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ထို့နောက် အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟ်အန်ဟု)က ထို့အတွက် သက်သေကိုးကားတင်ပြသည့်အနေဖြင့် မိန့်ကြားသည်မှာ -
အကယ်၍ အသင်တို့အလိုရှိပါက ဤအာယသ်တော်ကို ရွတ်ဖတ်နိုင်သည်- {အမှန်စင်စစ် မိုးသောက်ချိန် ကုရ်အာန် ကျမ်းတော်မြတ် ဖတ်ရွတ်မှု (ဖဂျရ်ဆွလာသ်ဝတ်ပြုမှု)သည် (ကောင်းကင်တမန်များ) လာရောက်ချိန်ပင် ဖြစ်သည်။} (အလ်-အိစ်ရာအ်၊ ၇၈) ဆိုလိုသည်မှာ ဖဂျရ်ဆွလာသ်ဝတ်ပြုမှုကို ညအချိန်၏ ကောင်းကင်တမန်များနှင့် နေ့အချိန်၏ ကောင်းကင်တမန်များသည် လာရောက်စုရုံးပါဝင်ကြသည် ဟူ၍ဖြစ်သည်။