عَنْ أَبِي هُرَيْرَةَ رضي الله عنه:
أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَرَأَ فِي رَكْعَتَيِ الْفَجْرِ: {قُلْ يَا أَيُّهَا الْكَافِرُونَ}، وَ{قُلْ هُوَ اللهُ أَحَدٌ}.

[صحيح] - [رواه مسلم] - [صحيح مسلم: 726]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်တွင် ကွလ်ယာအိုင်ယုဟလ် ကာဖီရူးန်နှင့် ကွလ်ဟုဝလ္လာဟု အဟဒ် (စူရဟ် ကာဖီရူးန်နှင့် စူရဟ် အိခ်လားစ်ွ) ကို ဖတ်ရွတ်တော်မူခဲ့သည်။

[صحيح] - [رواه مسلم] - [صحيح مسلم - 726]

ရှင်းလင်းချက်

တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်တွင် စူရဟ်ဖာသိဟဟ်ဖတ်ပြီးနောက် ပထမရကအသ်တွင် ကွလ်ယာအိုင်ယုဟလ် ကာဖီရူးန်(စူရဟ် ကာဖီရူးန်) နှင့် ဒုတိယရကအသ်တွင် ကွလ်ဟုဝလ္လာဟု အဟဒ် (စူရဟ် အိခ်လားစ်ွ) ရွတ်ဖတ်ခြင်းကို နှစ်သက်တော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဖဂျရ်၏ စွန္နသ်တွင် စူရဟ်ဖာသိဟဟ်ဖတ်ပြီးနောက် ဤစူရဟ်နှစ်ခုကို ဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
  2. ဤစူရဟ်နှစ်ခုကို စူရဟ်အိခ်လားစ်ွဟု ခေါ်ဆိုသည်။ အဘယ်ကြောင့်ဆိုသော် စူရဟ်ကာဖီရူးန်တွင် အလ္လာဟ်အရှင်မြတ်မှတစ်ပါး မုရှ်ရိက်များကိုးကွယ်သောအရာအားလုံးမှ လုံးဝ ကင်းရှင်းကြောင်း ဖော်ပြထားပြီး၊ သူတို့၏ရှိရ်က်(တွဲဖက်ကိုးကွယ်မှု)သည် သူတို့၏ အမလ်ကောင်းမှုများကို ပျက်ပြားစေသောကြောင့် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ စစ်မှန်သောကျွန်များ မဟုတ်ကြောင်းနှင့်၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် ကိုးကွယ်ထိုက်သောအရှင်ဖြစ်တော်မူကြောင်း ဖော်ပြထားသောကြောင့်ဖြစ်သည်။ ထိုနည်းတူ စူရဟ်အိခ်လားစ်ွတွင် အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်းဖြစ်‌တော်မူကြောင်းနှင့် အရှင်မြတ်၏ဂုဏ်တော်များကို ရှင်းလင်းဖော်ပြထားသောကြောင့် ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (47)
ထပ်၍