عَنْ أُمِّ حَبِيبَةَ رضي الله عنها زَوْجِ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالت: سَمِعْتُ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«مَنْ حَافَظَ عَلَى أَرْبَعِ رَكَعَاتٍ قَبْلَ الظُّهْرِ وَأَرْبَعٍ بَعْدَهَا حَرَّمَهُ اللَّهُ عَلَى النَّارِ».
[صحيح] - [رواه أبو داود والترمذي والنسائي وابن ماجه وأحمد] - [سنن الترمذي: 428]
المزيــد ...
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကြင်ရာတော် အွမ္မုဟဗီဗဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်ခဲ့သည်။ သူမက ပြောသည်မှာ- "ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရပါသည်-
''မည်သူမဆို ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက်တည်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူသည်။''
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والترمذي والنسائي وابن ماجه وأحمد] - [سنن الترمذي - 428]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက် တည်သူအား အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူမည်ဖြစ်ကြောင်း သတင်းကောင်းပေးခဲ့သည်။