عن عائشةَ أُمِّ المُؤْمِنينَ رضي الله عنها:
أن النبي صلى الله عليه وسلم كان لا يَدع أربعا قَبل الظهر وركعتين قبل الغَدَاة.
[صحيح] - [رواه البخاري] - [صحيح البخاري: 1182]
المزيــد ...
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
"တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် ဇုဟုရ်ဖရဿ်ွမတိုင်မီ (စွန္နသ်)လေးရကအသ်နှင့် ဖဂျရ်ဖရဿ်ွမတိုင်မီ (စွန္နသ်) နှစ်ရကအသ်တို့ကို မည်သည့်အခါမျှ စွန့်လွှတ်ခဲ့ခြင်းမရှိပေ။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 1182]
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်ခဲ့သည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (အောက်ပါ) နဖိလ်ဆွလာသ်နှစ်ခုကို အမြဲတစေ မိမိအိမ်တွင် ဝတ်ပြုလေ့ရှိပြီး မည်သည့်အခါမျှ စွန့်လွှတ်ခဲ့ခြင်းမရှိပေ။ ၎င်းတို့မှာ - ဇုဟုရ်ဖရဿ်ွမတိုင်မီ စလာမ်နှစ်ကြိမ်ဖြင့် လေးရကအသ်နှင့် ဖဂျရ်ဖရဿ်ွမတိုင်မီ နှစ်ရကအသ်တို့ ဖြစ်သည်။