عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«صَلَاةُ الرَّجُلِ فِي جَمَاعَةٍ تَزِيدُ عَلَى صَلَاتِهِ فِي بَيْتِهِ وَصَلَاتِهِ فِي سُوقِهِ بِضْعًا وَعِشْرِينَ دَرَجَةً، وَذَلِكَ أَنَّ أَحَدَهُمْ إِذَا تَوَضَّأَ فَأَحْسَنَ الْوُضُوءَ، ثُمَّ أَتَى الْمَسْجِدَ لَا يَنْهَزُهُ إِلَّا الصَّلَاةُ، لَا يُرِيدُ إِلَّا الصَّلَاةَ، فَلَمْ يَخْطُ خَطْوَةً إِلَّا رُفِعَ لَهُ بِهَا دَرَجَةٌ، وَحُطَّ عَنْهُ بِهَا خَطِيئَةٌ، حَتَّى يَدْخُلَ الْمَسْجِدَ، فَإِذَا دَخَلَ الْمَسْجِدَ كَانَ فِي الصَّلَاةِ مَا كَانَتِ الصَّلَاةُ هِيَ تَحْبِسُهُ، وَالْمَلَائِكَةُ يُصَلُّونَ عَلَى أَحَدِكُمْ مَا دَامَ فِي مَجْلِسِهِ الَّذِي صَلَّى فِيهِ، يَقُولُونَ: اللهُمَّ ارْحَمْهُ، اللهُمَّ اغْفِرْ لَهُ، اللهُمَّ تُبْ عَلَيْهِ، مَا لَمْ يُؤْذِ فِيهِ، مَا لَمْ يُحْدِثْ فِيهِ».
المزيد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဂျမာအသ်ဖြင့် စုပေါင်းဆောက်တည်သည့်ဆွလာသ်သည် မိမိအိမ်တွင်လည်းကောင်း၊ ဈေးတွင်လည်းကောင်း (တစ်ကိုယ်တည်း) ဆောက်တည်သည့် ဆွလာသ်ထက် အဆပေါင်း နှစ်ဆယ်ကျော် သာပိုမွန်မြတ်သည်။ အဘယ်ကြောင့်ဆိုသော် အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူကို ကောင်းမွန်ကျနစွာပြုလုပ်မည်။ ထို့နောက် ဆွလာသ်အတွက်သာ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး ဆွလာသ်ဆောက်တည်ရန်သာ ရည်ရွယ်ခဲ့မည်ဆိုလျှင် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သည်အထိ ၎င်းသူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် အဆင့်အတန်းတစ်ခု တိုးမြှင့်ပေးခြင်းခံရပြီး ၎င်းထံမှ မကောင်းမှုတစ်ခု ပယ်ဖျက်ပေးခြင်းခံရမည်။ ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သည့်အခါ ဆွလာသ်ဆောက်တည်ရန် စောင့်ဆိုင်းနေသမျှ ဆွလာသ်ထဲတွင် ရှိနေ(သည့် အကျိုးကုသိုလ် ရရှိ)မည်။ ထိုသူသည် ဆွလာသ်ဆောက်တည်ခဲ့သည့်နေရာတွင် ရှိနေပြီး (မည်သူ့ကိုမျှ) ဒုက္ခမဖြစ်စေသမျှ၊ ဝုဿွူရှိနေသမျှ မလာအိကဟ် ကောင်းကင်တမန်များက အိုအလ္လာဟ်အရှင်မြတ် ၎င်းအား ကရုဏာထားတော်မူပါ၊ အိုအလ္လာဟ်အရှင်မြတ် ၎င်းအား ခွင့်လွှတ်တော်မူပါ၊ အိုအလ္လာဟ်အရှင်မြတ် ၎င်း၏ သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူပါဟု ဆုတောင်းပေးကြမည်ဖြစ်သည်။