عن حُذَيْفَةَ رضي الله عنه:
أَنَّ النَّبِيَّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ كَانَ يَقُولُ بَيْنَ السَّجْدَتَيْنِ: «رَبِّ اغْفِرْ لِي، رَبِّ اغْفِرْ لِي».

[صحيح] - [رواه أبو داود والنسائي وابن ماجه وأحمد] - [سنن ابن ماجه: 897]
المزيــد ...

ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ်နှစ်ခုကြားတွင် “ ရဗ်ဗိဂ် ဖိရ်လီး၊ ရဗ်ဗိဂ် ဖိရ်လီး” (အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ကို ရွတ်ဆိုလေ့ရှိသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والنسائي وابن ماجه وأحمد] - [سنن ابن ماجه - 897]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ်နှစ်ခုကြားတွင် ထိုင်သည့်အခါ “ ရဗ်ဗိဂ် ဖိရ်လီး၊ ရဗ်ဗိဂ် ဖိရ်လီး” ကိုအကြိမ်ကြိမ်ရွတ်ဆိုတော်မူသည်။
ဤသည် ဗန္နဟ်ကျေးကျွန်အ‌နေဖြင့် မိမိ၏ဖန်ဆင်းရှင်ထံတွင် မိမိ၏အပြစ်အကုသိုလ်များကိုပယ်ဖျက်ပေးရန်နှင့် မိမိ၏အမှားများကို ဖုံးကွယ်ပေးရန် တောင်းခံခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဖရ်ဿ်ွဆွလာသ်ဖြစ်‌စေ၊ နဖ်လ်ဆွလာသ်ဖြစ်စေ စဂ်ျဒဟ်နှစ်ခုကြားတွင် ဤဒုအာကိုရွတ်ဆိုရန် သတ်မှတ်ထားသည်။
  2. ရဗ္ဗိဂ်ဖိရ်လီးကို အကြိမ်ကြိမ်ရွတ်ဆိုခြင်း မွတ်စ်သဟဗ်ဖြစ်ပြီး တစ်ကြိမ်ရွတ်ဆိုခြင်း ဝါဂျိဗ်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (58)
ထပ်၍