عن حذيفة أن النبي صلى الله عليه وسلم كان يقول بين السجدتين: "رب اغفر لي، رب اغفر لي".
[صحيح] - [رواه أبو داود والنسائي وابن ماجه وأحمد]
المزيــد ...

ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ်နှစ်ခုကြားတွင် “ ရဗ်ဗိဂ် ဖိရ်လီး၊ ရဗ်ဗိဂ် ဖိရ်လီး” (အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ကို ရွတ်ဆိုလေ့ရှိသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အဗူဒါဝူဒ်ကျမ်း။

ရှင်းလင်းချက်

ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ်နှစ်ခုကြားတွင် ထိုင်သည့်အခါ “ ရဗ်ဗိဂ် ဖိရ်လီး၊ ရဗ်ဗိဂ် ဖိရ်လီး” ကိုအကြိမ်ကြိမ်ရွတ်ဆိုတော်မူသည်။ ဤသည် စဂ်ျဒဟ်နှစ်ခုကြားတွင်ဖတ်ရမည့် ဇိက်ရ်တော်ကို ရှင်းပြထားခြင်းဖြစ်ပြီး ယင်း၏အမိန့်သည် ဖရ်ဿ်ွဆွလာသ်၌ဖြစ်စေ၊ နဖ်လ်ဆွလာသ်၌ဖြစ်စေ၊ အသံကျယ်ကျယ်ဖတ်ရသည့် ဆွလာသ်၌ဖြစ်စေ၊ အသံတိုးတိုးဖတ်ရသည့် ဆွလာသ်၌ဖြစ်စေ အားလုံးတွင် အကျုံးဝင်သည်။

ဘာသာပြန်: အင်္ဂလိပ်
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. စဂ်ျဒဟ်နှစ်ခုကြား ထိုင်သည့်အခါ ‘မဂ်ဖိရသ်’ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံရန် ညွှန်ပြထားသည်။
  2. စဂ်ျဒဟ်နှစ်ခုကြားတွင် ရွတ်ဖတ်ရမည့် ဇိက်ရ်တော်ကို ရှင်းပြထားသည်။
  3. ‘ရဗ်ဗိဂ် ဖိရ်လီး’(အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ကို အကြိမ်ကြိမ်ရွတ်ဆိုခွင့်ရှိသည်။
ထပ်၍