+ -

عن عمران بن حصين رضي الله عنه قال: كَانَتْ بِي بَوَاسِيرُ، فَسَأَلْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنِ الصَّلَاةِ، فَقَالَ:
«صَلِّ قَائِمًا، فَإِنْ لَمْ تَسْتَطِعْ فَقَاعِدًا، فَإِنْ لَمْ تَسْتَطِعْ فَعَلَى جَنْبٍ».

[صحيح] - [رواه البخاري] - [صحيح البخاري: 1117]
المزيــد ...

အင်မ်ရာန် ဗင်န် ဟုဆွိုင်န်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော့်တွင် လိပ်ခေါင်းရောဂါရှိနေသည်။ ထို့ကြောင့် ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဆွလာသ် ဆောက်တည်မှုနှင့်စပ်လျဉ်း၍ မေးမြန်းလျှောက်ထားခဲ့ရာ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ-
အသင်ရပ်၍ ဆွလာသ် ဆောက်တည်ပါ အကယ်၍ အသင် (ရပ်၍ ဆွလာသ်ဆောက်တည်ရန်)မစွမ်းနိုင်လျှင် ထိုင်၍ ဆောက်တည်ပါ။ အကယ်၍ အသင် (ထိုင်၍ ဆွလာသ်ဆောက်တည်ရန်) မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ပါ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 1117]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဆွလာသ်၏ မူလအခြေအနေမှာ မတ်တပ်ရပ်၍ ဆောက်တည်ခြင်းဖြစ်သည်။ သို့သော် မတ်တပ်ရပ်ရန် မတတ်စွမ်းနိုင်သည့် အခြေအနေမျိုးတွင် ထိုင်၍ ဆွလာသ်ဆောက်တည်ရမည်။ ထိုင်၍ ဆွလာသ်ဆောက်တည်ရန် မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ရမည် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အသိတရားရှိနေသရွေ့ ဆွလာသ် ဆောက်တည်ရန် တာဝန်ရှိနေမည်ဖြစ်သည်။ (မတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်း၊လဲလျောင်းခြင်း စသည့်) အခြေအနေတစ်ခုမှ နောက်အခြေအနေတစ်ခုသို့ ပြောင်းလဲခြင်းသည် စွမ်းဆောင်နိုင်မှုအပေါ် မူတည်သည်။
  2. လူသားသည် မိမိတတ်စွမ်းမှု‌ပေါ်မူတည်၍ အိဗာဒသ် ပြုခွင့်ရှိခြင်းသည် အစ္စလာမ်သာသနာ၏ လွယ်ကူ၊ သက်ညှာမှုကို ဖော်ပြနေသည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ কন্নড় الولوف البلغارية আজারী الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍