عَنْ عَبْدِ اللهِ بنِ مَسْعُودٍ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«أَوَّلُ مَا يُقْضَى بَيْنَ النَّاسِ يَوْمَ الْقِيَامَةِ فِي الدِّمَاءِ».
[صحيح] - [متفق عليه] - [صحيح مسلم: 1678]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ကိယာမသ်နေ့၌ လူသားတို့ကြားတွင် ပထမဦးဆုံး တရားစီရင်ဆုံးဖြစ်မည့်ကိစ္စမှာ လူသတ်မှုဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1678]
ကိယာမသ် ရှင်ပြန်ထမည့်နေ့၌ လူအချို့က အချို့အား မတရားကျူးလွန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ပထမဦးဆုံး တရားစီရင်မည့်ကိစ္စရပ်မှာ လူသတ်မှု၊ ဒဏ်ရာအနာတရဖြစ်စေမှုကဲ့သို့ သွေးထွက်သံယိုကိစ္စရပ်များဖြစ်သည်ဟု တမန်တော်မြတ်ကြီး (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။