1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် ။ ငါကိုယ်တော် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ပြောမည်။ ငါကိုယ်တော်သည်အရာတစ်ခုခုကို ကျိန်ဆိုပြီးနောက် ထိုအရာထက် ပိုမိုကောင်းမွန်သော အရာတစ်ခုကို တွေ့ရှိပါက၊ ငါကိုယ်တော် ကျိန်ဆိုခဲ့သောအရာအတွက် ကဖ်ဖာရဟ်လျော်ကြေးပေးပြီး ပိုမိုကောင်းမွန်သော အရာကို ပြုလုပ်တော်မူမည် ဖြစ်သည်။

عَنْ أَبِي مُوسَى الأَشْعَرِيِّ رضي الله عنه قَالَ:
أَتَيْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي رَهْطٍ مِنَ الأَشْعَرِيِّينَ أَسْتَحْمِلُهُ، فَقَالَ: «وَاللَّهِ لاَ أَحْمِلُكُمْ، مَا عِنْدِي مَا أَحْمِلُكُمْ» ثُمَّ لَبِثْنَا مَا شَاءَ اللَّهُ فَأُتِيَ بِإِبِلٍ، فَأَمَرَ لَنَا بِثَلاَثَةِ ذَوْدٍ، فَلَمَّا انْطَلَقْنَا قَالَ بَعْضُنَا لِبَعْضٍ: لاَ يُبَارِكُ اللَّهُ لَنَا، أَتَيْنَا رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ نَسْتَحْمِلُهُ فَحَلَفَ أَنْ لاَ يَحْمِلَنَا فَحَمَلَنَا، فَقَالَ أَبُو مُوسَى: فَأَتَيْنَا النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَذَكَرْنَا ذَلِكَ لَهُ، فَقَالَ: «مَا أَنَا حَمَلْتُكُمْ، بَلِ اللَّهُ حَمَلَكُمْ، إِنِّي وَاللَّهِ -إِنْ شَاءَ اللَّهُ- لا أَحْلِفُ عَلَى يَمِينٍ، فَأَرَى غَيْرَهَا خَيْرًا مِنْهَا، إِلَّا كَفَّرْتُ عَنْ يَمِينِي، وَأَتَيْتُ الَّذِي هُوَ خَيْرٌ».

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဘူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်သည် အရှ်အရီမျိုးနွယ်စုမှ လူအချို့နှင့်အတူ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ လာရောက်ခဲ့သည်။ ကျွန်ုပ်သည် ကိုယ်တော့်ထံ စီးနင်းရန် အစီးအနင်းတောင်းခံခဲ့ရာ၊ ကိုယ်တော်က ဤသို့ မိန့်ကြားတော်မူခဲ့သည်- "အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ငါကိုယ်တော် သင်တို့အား စီးနင်းရန်အစီးအနင်း မပေးနိုင်ပါ။ ငါကိုယ်တော့်ထံတွင် သင်တို့စီးနင်းရန် ပေးစရာ အစီးအနင်းလည်း မရှိပါ။" ထို့နောက် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသမျှ ကာလအထိ ထိုနေရာ၌ နေထိုင်ခဲ့ကြသည်။ ထိုအတောအတွင်း ကိုယ်တော့်ထံသို့ ကုလားအုပ်အချို့ ရောက်ရှိလာခဲ့သည်။ ထိုအခါ တမန်တော်သည် ကျွန်ုပ်တို့အား ကုလားအုပ်သုံးကောင် ပေးရန် အမိန့်ပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့ ထွက်ခွာသွားကြသောအခါ၊ ကျွန်ုပ်တို့ထဲမှ အချို့သည် အချင်းချင်း ဤသို့ ပြောဆိုခဲ့ကြသည်- "အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် ဗရ်ကသ်ကောင်းချီးမင်္ဂလာများ ပေးတော်မမူပါစေနှင့်။ ကျွန်ုပ်တို့သည် အလ္လာဟ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး စီးနင်းအစီးအနင်း တောင်းခံခဲ့ကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား စီးနင်းရန်အစီးအနင်း မပေးနိုင်ကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပေးအပ်ခဲ့သည်။" အဘူမူစာ (ရဿွိယလ္လာဟုအန်ဟု) က ဆက်လက်၍ ဤသို့ ပြောကြားခဲ့သည်- ထို့ကြောင့် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ပြန်လာခဲ့ပြီး ထိုကိစ္စကို ကိုယ်တော့်အား တင်ပြခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ်က ဤသို့ မိန့်ကြားတော်မူခဲ့သည်- "ငါကိုယ်တော်သည် သင်တို့အား စီးနင်းရန်အစီးအနင်း ပေးခဲ့သည်မဟုတ်ပါ။ သင်တို့အား အစီးအနင်းကို အလ္လာဟ်အရှင်မြတ်ကသာ ပေးသနားတော်မူခဲ့ခြင်းဖြစ်သည်။ ငါကိုယ်တော် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ပြောမည်။ ငါကိုယ်တော်သည်အရာတစ်ခုခုကို ကျိန်ဆိုပြီးနောက် ထိုအရာထက် ပိုမိုကောင်းမွန်သော အရာတစ်ခုကို တွေ့ရှိပါက၊ ငါကိုယ်တော် ကျိန်ဆိုခဲ့သောအရာအတွက် ကဖ်ဖာရဟ်လျော်ကြေးပေးပြီး ပိုမိုကောင်းမွန်သော အရာကို ပြုလုပ်တော်မူမည် ဖြစ်သည်။

صحيح متفق عليه صحيح البخاري - 6718

ရှင်းလင်းချက်

အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်တင်ပြခဲ့သည်။ သူသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ လာရောက်ခဲ့ပြီး၊ သူနှင့်အတူ သူ၏ မျိုးနွယ်စုမှ လူတစ်စုလည်း အတူပါခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်မှာ ဂျိဟာဒ်တွင် ပါဝင်နိုင်ရန်အတွက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ စီးနင်းရန် ကုလားအုပ်အချို့ တောင်းခံရန် ဖြစ်သည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကသူတို့အား စီးနင်းရန်အစီးအနင်း ပေးနိုင်ခြင်းမရှိကြောင်း အလ္လာဟ်အရှင်မြတ်ထံတွင် တိုင်တည်ကျိန်ဆို၍ မိန့်ခဲ့သည်။ ထို့ပြင် ကိုယ်တော့်ထံ ၎င်းတို့အား ပေးနိုင်သည့် စီးနင်းရန်အစီးအနင်းလည်း မရှိကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် သူတို့သည် လှည့်ပြန်သွားခဲ့ကြသည်။ သူတို့သည် ခဏတာ စောင့်ဆိုင်းနေထိုင်ခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အတွက် ကုလားအုပ် သုံးကောင် ရောက်ရှိလာခဲ့သည်။ ထိုအခါ တမန်တော်မြတ်က ထိုကုလားအုပ်များကို သူတို့ထံသို့ ပို့ဆောင်ပေးခဲ့သည်။ သူတို့ထဲမှ အချို့သည် အချင်းချင်း ဤသို့ ပြောဆိုခဲ့ကြသည်- အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် ဤကုလားအုပ်များတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာပေးတော်မမူပါစေနှင့်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား စီးနင်းရန်အစီးအနင်း မပေးနိုင်ကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ပြန်လည်ရောက်ရှိလာပြီး မေးမြန်းခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ်က ဤသို့ မိန့်ကြားတော်မူခဲ့သည်- အမှန်စင်စစ် သင်တို့အား အစီးအ နင်းကို အလ္လာဟ်အရှင်မြတ်ကသာ ပေးသနားတော်မူခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရှင်မြတ်သည်ပင် စွမ်းအားပေးတော်မူခဲ့ပြီး၊ ထိုအရှင်မြတ်သည်ပင် ချီးမြှင့်ပေးကမ်းတော်မူခဲ့ခြင်းဖြစ်သည်။ ငါကိုယ်တော်သည် အကြောင်းခံတစ်ခုမျှသာ ဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို ငါကိုယ် တော်၏ လက်ပေါ်တွင်ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ဆက်လက်၍ မိန့်ကြားတော်မူခဲ့သည်- ငါကိုယ်တော် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ပြောမည်။ ငါကိုယ်တော်သည်အရာတစ်ခုခုကို ပြုလုပ်ရန် သို့မဟုတ် မပြုလုပ်ရန်ကျိန်ဆိုပြီးနောက် ထိုအရာထက် ပိုမိုကောင်းမွန်သော အရာတစ်ခုကို တွေ့ရှိပါက၊ ငါကိုယ်တော် ကျိန်ဆိုခဲ့သောအရာကိုစွန့်လွတ်၍ ပိုမိုကောင်းမွန်သော အရာကို ပြုလုပ်တော်မူမည်။ ထို့နောက် ငါကိုယ်တော်၏ ကျိန်ဆိုမှုအတွက် ကဖ်ဖာရဟ်လျော်ကြေးပေးတော်မူမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကျိန်ဆိုခိုင်းခြင်းမရှိသော်လည်း အကြောင်းအရာတစ်ခုကို အတည်ပြုရန် ကျိန်ဆိုခွင့်ရှိသည်။ ထိုကျိန်ဆိုမှုသည် အနာဂတ်ကိစ္စနှင့် ပတ်သက်သည်ဖြစ်စေ။ (ကျိန်ဆိုခွင့်ရှိသည်။)
  2. ကျိန်ဆိုပြီးနောက် "အလ္လာဟ်အလိုရှိခဲ့လျှင်" (အင်ရှာအလ္လာဟ်) ဟု ဆိုကာ ခြွင်းချက်ထားရှိခြင်းသည် ခွင့်ပြုသည်။ ထို့အပြင် ကျိန်ဆိုစဉ်တွင် (စိတ်ထဲ၌) ခြွင်းချက်ထားရှိပြီး ၎င်းသည် ကျိန်ဆိုခြင်းနှင့်တစ်ဆက်တည်းဖြစ်လျှင် ကျိန်ဆိုမှုကို ဖောက်ဖျက်သူအပေါ် ကဖ်ဖာရာလျော်ကြေးပေးရန် တာဝန်မရှိ ပေ။
  3. ကျိန်ဆိုပြီးနောက် အခြားသော အလုပ်တစ်ခုသည် ပို၍ ကောင်းမွန်သည်ကို မြင်တွေ့ရသော် ကျိန်ဆိုမှုကို ဖျက်ပစ်ရန် တိုက်တွန်းထားသည်။ ကျိန်ဆိုမှုကိုဖျက်သည့်အ တွက် ကဖ်ဖာရာလျော်ကြေးပေးရမည်။

ဘာသာပြန်များကို ကြည့်ရှုရန်

53 ဘာသာစကား
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
AZ Azərbaycan الأذربيجانية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية