عن ثَوْبَانَ رضي الله عنه قال:
كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا انْصَرَفَ مِنْ صَلَاتِهِ اسْتَغْفَرَ ثَلَاثًا، وَقَالَ: «اللَّهُمَّ أَنْتَ السَّلَامُ، وَمِنْكَ السَّلَامُ، تَبَارَكْتَ ذَا الْجَلَالِ وَالْإِكْرَامِ»، قَالَ الْوَلِيدُ: فَقُلْتُ لِلْأَوْزَاعِيِّ: كَيْفَ الْاسْتِغْفَارُ؟ قَالَ: تَقُولُ: أَسْتَغْفِرُ اللهَ، أَسْتَغْفِرُ اللهَ.
[صحيح] - [رواه مسلم] - [صحيح مسلم: 591]
المزيــد ...
ဆောင်ဗာန်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဆွလာသ်အား အဆုံးသတ်ပြီးသည့်အခါ “အတ်စ်သဂ်ဖိရုလ္လာဟ်” သုံးကြိမ်နှင့် “အလ္လာဟွမ္မ အန်သတ်စ် စလာမု ဝမင်န်ကတ်စ် စလာမု သဗာရက်သ ယာဇလ်ဂျလားလိ ဝလ်အိက်ရာမ်”ကို ရွတ်ဆိုလေ့ရှိသည်။ (အဓိပ္ပာယ် - အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ငြိမ်းချမ်းသာယာမှုအပေါင်းသည် အသင်အရှင်မြတ်၏ထံတော်မှ ကျရောက်လာခြင်းသာဖြစ်၏။ အို- အနန္တတန်ခိုးတော်ရှင်၊ ကျေးဇူးပြုတော်မူသောအရှင်၊ အသင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပါ၏။ ) ဝလီးဒ် ကပြောပြခဲ့သည်။ ကျွန်တော်က အောင်ဇာအီအား အစ္စသိဂ်ဖာရ် မည်သို့ ဖတ်ရမည်နည်းဟု မေးမြန်းခဲ့ရာ ၎င်းက “အတ်စ်သဂ်ဖိရုလ္လာဟ်” “အတ်စ်သဂ်ဖိရုလ္လာဟ်” ဟူ၍ဖတ်ပါဟု ပြောကြားခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 591]
တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ပြီးဆုံးတိုင်း أَسْتَغْفِرُ اللّٰه، أَسْتَغْفِرُ اللّٰه ، أَسْتَغْفِرُ اللّٰهဟု ရွတ်ဆိုလေ့ရှိသည်။
ထို့နောက် အောက်ပါအတိုင်း အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို မြွက်ဟတော်မူသည်။
"اللَّهمَّ أَنتَ السَّلامُ، ومِنْكَ السَّلامُ، تباركْتَ ذَا الجَلالِ والإكرامِ " အလ္လာဟ်အရှင်မြတ်သည် ငြိမ်းချမ်းသာယာမှုအပေါင်းကို ပိုင်ဆိုင်တော်မူသောအရှင်၊ ပြီးပြည့်စုံသည့် ဂုဏ်တော်များကို ပိုင်ဆိုင်တော်မူသောအရှင်၊ ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူသည်။ လောကီ၊ လောကုတ္တရာနှစ်ဌာန၏ ဆိုကျိုးများမှ ကင်းဝေးရန် အရှင်မြတ်ထံတော်၌သာ တောင်းခံပြီး အရှင်မြတ်မှအပ မည်သူ့ထံတွင်မျှ တောင်းခံခြင်းမပြုပါ။ အရှင်မြတ်၏ ကောင်းခြင်းများသည် နှစ်ဘဝနှစ်ဌာနလုံး၌ အလွန်ပင်များပြားလှသည်။ အရှင်မြတ်သည် ကြီးကျယ်မြင့်မြတ်တော်မူသောအရှင်၊ ကျေးဇူးပြုတော်မူသောအရှင် ဖြစ်တော်မူသည်။