عن ثَوْبَانَ رضي الله عنه قال:
كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا انْصَرَفَ مِنْ صَلَاتِهِ اسْتَغْفَرَ ثَلَاثًا، وَقَالَ: «اللَّهُمَّ أَنْتَ السَّلَامُ، وَمِنْكَ السَّلَامُ، تَبَارَكْتَ ذَا الْجَلَالِ وَالْإِكْرَامِ»، قَالَ الْوَلِيدُ: فَقُلْتُ لِلْأَوْزَاعِيِّ: كَيْفَ الْاسْتِغْفَارُ؟ قَالَ: تَقُولُ: أَسْتَغْفِرُ اللهَ، أَسْتَغْفِرُ اللهَ.

[صحيح] - [رواه مسلم] - [صحيح مسلم: 591]
المزيــد ...

ဆောင်ဗာန်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဆွလာသ်အား အဆုံးသတ်ပြီးသည့်အခါ “အတ်စ်သဂ်ဖိရုလ္လာဟ်” သုံးကြိမ်နှင့် “အလ္လာဟွမ္မ အန်သတ်စ် စလာမု ဝမင်န်ကတ်စ် စလာမု သဗာရက်သ ယာဇလ်ဂျလားလိ ဝလ်အိက်ရာမ်”ကို ရွတ်ဆိုလေ့ရှိသည်။ (အဓိပ္ပာယ် - အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ငြိမ်းချမ်းသာယာမှုအပေါင်းသည် အသင်အရှင်မြတ်၏ထံတော်မှ ကျရောက်လာခြင်းသာဖြစ်၏။ အို- အနန္တတန်ခိုးတော်ရှင်၊ ကျေးဇူးပြုတော်မူသောအရှင်၊ အသင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပါ၏။ ) ဝလီးဒ် ကပြောပြခဲ့သည်။ ကျွန်တော်က အောင်ဇာအီအား အစ္စသိဂ်ဖာရ် မည်သို့ ဖတ်ရမည်နည်းဟု မေးမြန်းခဲ့ရာ ၎င်းက “အတ်စ်သဂ်ဖိရုလ္လာဟ်” “အတ်စ်သဂ်ဖိရုလ္လာဟ်” ဟူ၍ဖတ်ပါဟု ပြောကြားခဲ့သည်။

[صحيح] - [رواه مسلم] - [صحيح مسلم - 591]

ရှင်းလင်းချက်

တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ပြီးဆုံးတိုင်း أَسْتَغْفِرُ اللّٰه، أَسْتَغْفِرُ اللّٰه ، أَسْتَغْفِرُ اللّٰهဟု ရွတ်ဆိုလေ့ရှိသည်။
ထို့နောက် အောက်ပါအတိုင်း အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို မြွက်ဟတော်မူသည်။ "اللَّهمَّ أَنتَ السَّلامُ، ومِنْكَ السَّلامُ، تباركْتَ ذَا الجَلالِ والإكرامِ " အလ္လာဟ်အရှင်မြတ်သည် ငြိမ်းချမ်းသာယာမှုအပေါင်းကို ပိုင်ဆိုင်တော်မူသောအရှင်၊ ပြီးပြည့်စုံသည့် ဂုဏ်တော်များကို ပိုင်ဆိုင်တော်မူသောအရှင်၊ ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူသည်။ လောကီ၊ လောကုတ္တရာနှစ်ဌာန၏ ဆိုကျိုးများမှ ကင်းဝေးရန် အရှင်မြတ်ထံတော်၌သာ တောင်းခံပြီး အရှင်မြတ်မှအပ မည်သူ့ထံတွင်မျှ တောင်းခံခြင်းမပြုပါ။ အရှင်မြတ်၏ ကောင်းခြင်းများသည် နှစ်ဘဝနှစ်ဌာနလုံး၌ အလွန်ပင်များပြားလှသည်။ အရှင်မြတ်သည် ကြီးကျယ်မြင့်မြတ်တော်မူသောအရှင်၊ ကျေးဇူးပြုတော်မူသောအရှင် ဖြစ်တော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွလာသ်ပြီးတိုင်း အစ္စသိဂ်ဖာရ် စွဲစွဲမြဲမြဲဖတ်ခြင်း မွတ်စ်သဟဗ် ဖြစ်သည်။
  2. အိဗာဒသ်၌ လျော့နည်းမှုများကို ဖြည့်ဆည်းပေးရန်၊ အမိန့်နာခံမှုကို ပိုမိုကောင်းမွန်စေရန်၊ လျော့နည်းမှုများ ပပျောက်စေရန်အတွက် အစ္စသိဂ်ဖာရ် ဖတ်ခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (63)
ထပ်၍