عن عبد الله بن مسعود رضي الله عنه أن رسول الله صلى الله عليه وسلم قال: "هلك المُتَنَطِّعون -قالها ثلاثا-".
[صحيح] - [رواه مسلم]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အစွန်းရောက်သူများ ပျက်စီးပါစေဟု သုံးကြိမ်တိုင်တိုင် မိန့်တော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကိစ္စရပ်များ၌ အစွန်းရောက်ခြင်းနှင့် အလွန်အကျွံပြုခြင်းသည် ပျက်စီးစေမည့် အကြောင်းခံတစ်ရပ်ဖြစ်ကြောင်းကို ရှင်းပြထားသည်။ ကိုယ်တော်၏ ရည်ရွယ်ချက်မှာ ထိုကဲ့သို့သောကိစ္စမျိုးမှ တားမြစ်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် အိဗာဒသ်ပြုရာတွင် စိတ်ငြီးငွေ့ ပင်ပန်းသွားသည်ထိ ပြုလုပ်ကာ နောက်ဆုံး အိဗာဒသ်ပြုလုပ်ရန် မနှစ်သက်တော့ဘဲ ရပ်တန့်သွားခြင်းမျိုးဖြစ်သည်။ အခြားဥပမာတစ်ခုမှာ စကားပြောရာတွင် ချဲ့ကားပြောဆိုခြင်း၊ အထင်ကြီးစေရန် ဟိတ်ဟန်ဖြင့် ပြောဆိုခြင်းမျိုးဖြစ်သည်။ အပြစ်ထိုက်သည့် အကြီးဆုံး ချဲ့ကားပြောဆိုမှုပုံစံ နှင့် အလွန်ပင်သတိပေးတားမြစ်ရမည့် ကိစ္စရပ်တစ်ခုမှာ သူတော်ကောင်းတို့အား ကြည်ညိုလေးစားရာတွင် ရှိရ်က်သို့ရောက်စေသည်အထိ အတိုင်းထက်အလွန် ကြည်ညိုခြင်းဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကိစ္စတိုင်းတွင်အစွန်းရောက်ခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းနှိုးဆော်ထားသည်။အထူးသဖြင့် ခဝပ်ကိုးကွယ်မှုများနှင့် သူတော်စင်သူတော်ကောင်းတို့အားကြည်ညိုရာတွင် အစွန်းရောက်ခြင်းတို့မှ ရှောင်ကြဉ်ရမည်။
  2. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိအွမ္မသ်လွတ်မြောက်မှုရရန် အလွန်ပင် ဆန္ဒပြင်းပြတော်မူပြီး၊ သာသနာတော်အား ပို့ချရာတွင်လည်း အလွန်ပင် ကြိုးစားဆောင်ရွက်တော်မူသည်။
  3. ကိစ္စရပ်တိုင်း၌ အစွန်းရောက်ခြင်းအား တားမြစ်ထားသည်။
  4. အရေးကြီးသော ကိစ္စရပ်အား တိကျသေချာအောင်ပြုခြင်းသည် (မွတ်စ်သဟဗ်) ကောင်းမြတ်သည်။
  5. ကိစ္စတိုင်းတွင် အလယ်အလတ်ရှိရန် တိုက်တွန်း နှိုးဆော်ထားသည်။
  6. အစ္စလာမ်သည် လွယ်ကူသော သာသနာဖြစ်ကြောင်း တင်ပြထားသည်။
ထပ်၍