عَنْ أَبِي هُرَيْرَةَ رضي الله عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«أَتَدْرُونَ مَا الْمُفْلِسُ؟» قَالُوا: الْمُفْلِسُ فِينَا مَنْ لَا دِرْهَمَ لَهُ وَلَا مَتَاعَ، فَقَالَ: «إِنَّ الْمُفْلِسَ مِنْ أُمَّتِي يَأْتِي يَوْمَ الْقِيَامَةِ بِصَلَاةٍ وَصِيَامٍ وَزَكَاةٍ، وَيَأْتِي قَدْ شَتَمَ هَذَا، وَقَذَفَ هَذَا، وَأَكَلَ مَالَ هَذَا، وَسَفَكَ دَمَ هَذَا، وَضَرَبَ هَذَا، فَيُعْطَى هَذَا مِنْ حَسَنَاتِهِ، وَهَذَا مِنْ حَسَنَاتِهِ، فَإِنْ فَنِيَتْ حَسَنَاتُهُ قَبْلَ أَنْ يُقْضَى مَا عَلَيْهِ أُخِذَ مِنْ خَطَايَاهُمْ فَطُرِحَتْ عَلَيْهِ، ثُمَّ طُرِحَ فِي النَّارِ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2581]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မုဖ်လိစ် ( ငွေကြေးဥစ္စာပစ္စည်း ဒေဝါလီခံသွားသူ) ဟူသည် မည်သူနည်းဟု သင်တို့သိကြသလော။" သူတို့က "ကျွန်တော်မျိုးတို့ထံတွင် မုဖ်လိစ်ဆိုသည်မှာ ငွေကြေးလည်းမရှိ၊ ပစ္စည်းဥစ္စာလည်းမရှိသူ ဖြစ်ပါသည်ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်က "အမှန်စင်စစ် ငါကိုယ်တော်၏အွမ္မသ်သားများတွင် မုဖ်လိစ်ဆိုသူမှာ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် (များပြားလှသော) ဆွလာသ်ဝတ်ပြုမှု၊ စွိယာမ်ဥပုသ်စောင့်ထိန်းမှု၊ ဇကာသ်ဒါနကြေးပေး ဆောင်မှုတို့ကို ယူဆောင်လာသော်လည်း သူသည်(လောကီ၌) ဤသူကိုလည်း ကဲ့ရဲ့ပြစ်တင်ရှုတ်ချခဲ့သည်၊ ထိုသူကိုလည်း စွပ်စွဲခဲ့သည်၊ ဤသူ၏ ပစ္စည်းဥစ္စာကို မတရားစားသုံးခဲ့သည်၊ ထိုသူ၏သွေးကို မတရားသွေးချောင်းစီးစေခဲ့သည်။(အသက်ကို သတ်ဖြတ်ခဲ့သည်) ဤသူကိုလည်း ရိုက်နှက်ခဲ့သည် (စသည့် ပြစ်မှုများကိုကျူးလွန်)သူအဖြစ် ရောက်လာသူပင် ဖြစ်သည်။ သို့ဖြစ်ရာ ဤသူ့အားလည်း သူ၏ကောင်းမှုများမှ ပေးအပ်ခြင်းခံရမည်။ ထိုသူ့အားလည်း သူ၏ကောင်းမှုများမှ ပေးအပ်ခြင်းခံရမည်။ အကယ်၍ သူ၏ကောင်းမှုများသည် တရားမျှစွာ ဆပ်ချေနိုင်ခြင်းမပြုမီ ကုန်ခန်းသွားခဲ့လျှင် ထိုသူတို့၏အပြစ်များထဲမှ အချို့ကို ယူ၍ သူ့အပေါ်သို့ ပစ်ချခြင်းခံရမည်။ ထို့နောက် သူသည် ငရဲမီးထဲသို့ ပစ်ချခြင်းခံရမည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2581]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ တပည့်သာဝကများအား "မုဖ်လိစ် ဆိုတာ ဘသူလည်း သင်တို့သိကြသလော ဟု မေးမြန်းတော်မူခဲ့သည်။ စွဟာဗဟ်သာဝကများက "ကျွန်တော်မျိုးတို့ထံတွင် မုဖ်လိစ်ဆိုသည်မှာ ငွေကြေးလည်းမရှိ၊ ပစ္စည်းဥစ္စာလည်းမရှိသူ ဖြစ်ပါသည်ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က အမှန်စင်စစ် ငါကိုယ်တော်၏အွမ္မသ်သားများတွင် မုဖ်လိစ်ဆိုသူမှာ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် ဆွလာသ်ဝတ်ပြုမှု၊ စွိယာမ်ဥပုသ်ဆောက်တည်မှု၊ ဇကာသ်ဒါနကြေးပေးဆောင်မှုစသော ကောင်းမှုကုသိုလ်အများအပြားဖြင့် ရောက်ရှိလာသော်လည်း (လောကီဘဝ၌) ဤသူကို ကဲ့ရဲ့ရှုတ်ချခဲ့သည်၊ ဤသူ၏ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်၊ ဤသူ၏ဥစ္စာပစ္စည်းကို မတရားစားသုံးခဲ့သည်၊ ဤသူ၏အသက်ကို သတ်ဖြတ်ခဲ့သည်၊ ဤသူကို ရိုက်နှက်၍ ဂုဏ်သိက္ခာကျအောင်ပြုလုပ်ခဲ့သည်။ ထို့ကြောင့် နစ်နာခံစားရသူများအား သူ၏ကောင်းမှုများမှ ပေးအပ်ခြင်းခံရမည်။ အကယ်၍ သူ၏ကောင်းမှုများသည် သူ့အပေါ်တွင်ရှိသော အခြားသူများ၏အခွင့်အရေးနှင့် ကျူးလွန်ခဲ့သောမတရားမှုများကို ဆပ်ချေရန် မလုံလောက်မီပင် ကုန်ခန်းသွားခဲ့လျှင် နစ်နာခံစားရသူများ၏ အပြစ်များထဲမှ အချို့ကို ယူ၍ ထိုကျူးလွန်သူ၏ (မှတ်တမ်း) စာအုပ်ထဲတွင် ထည့်သွင်းခြင်းခံရမည်။ ထို့နောက် သူ့အတွက် ကောင်းမှုတစ်စုံတစ်ရာမှ မကျန်တော့သည့်အတွက် သူသည် ငရဲမီးထဲသို့ ပစ်ချခြင်းခံရမည်။