عَنِ الْمِقْدَادِ بْنِ الْأَسْوَدِ رَضيَ اللهُ عنهُ قَالَ: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، يَقُولُ:
«تُدْنَى الشَّمْسُ يَوْمَ الْقِيَامَةِ مِنَ الْخَلْقِ، حَتَّى تَكُونَ مِنْهُمْ كَمِقْدَارِ مِيلٍ»، قَالَ سُلَيْمُ بْنُ عَامِرٍ: فَوَاللهِ مَا أَدْرِي مَا يَعْنِي بِالْمِيلِ؟ أَمَسَافَةَ الْأَرْضِ، أَمِ الْمِيلَ الَّذِي تُكْتَحَلُ بِهِ الْعَيْنُ قَالَ: «فَيَكُونُ النَّاسُ عَلَى قَدْرِ أَعْمَالِهِمْ فِي الْعَرَقِ، فَمِنْهُمْ مَنْ يَكُونُ إِلَى كَعْبَيْهِ، وَمِنْهُمْ مَنْ يَكُونُ إِلَى رُكْبَتَيْهِ، وَمِنْهُمْ مَنْ يَكُونُ إِلَى حَقْوَيْهِ، وَمِنْهُمْ مَنْ يُلْجِمُهُ الْعَرَقُ إِلْجَامًا» قَالَ: وَأَشَارَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِيَدِهِ إِلَى فِيهِ.

[صحيح] - [رواه مسلم] - [صحيح مسلم: 2864]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မစ်က်ဒါးဒ် ဗင်န် အတ်စ်ဝဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
“ကိယာမသ်နေ့တွင် နေကို ဖန်ဆင်းခံတို့နှင့် နီးကပ်စေတော်မူမည်။ နောက်ဆုံး နေနှင့်သူတို့ကြားသည် တစ်မိုင်အကွာအဝေးမျှသာ ဖြစ်လိမ့်မည်။” စူလိုင်မ် ဗင်န် အာမိရ်က အလ္လာဟ်အရှင်မြတ်၏ ကစမ် ‘မိုင်’ဟူသော စကားဖြင့် အဘယ်ကို ဆိုလိုသည်ကို ကျွန်ုပ် မသိပါ။ မြေကြီး၏အကွာအဝေးကို ဆိုလိုသလော၊ သို့တည်း မဟုတ် မျက်စိ၌ ကာဂျယ်ဆိုးသော “အမှုန့်တံ” ကို ဆိုလိုသလောဆိုသည်ကို ကျွန်ုပ်မသိပါဟု ပြောဆိုခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “လူသားတို့သည် မိမိတို့၏ လုပ်ရပ်များအလျောက် ချွေးများ၌ နှစ်နေကြလိမ့်မည်။ အချို့မှာ မိမိ၏ခြေမျက်စိအထိ၊ အချို့မှာ ဒူးဆစ်အထိ၊ အချို့မှာခါးအထိ ချွေးများ၌ နှစ်နေကြလိမ့်မည်။ အချို့မှာမူ ချွေးများက ၎င်းအား ဇက်ကြိုးကဲ့သို့ ဖုံးလွှမ်းသွားလိမ့်မည်။” ရာဝီဆင့်ပြန်သူက ပြောပြသည်– အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိလက်တော်ဖြင့် မိမိပါးစပ်တော်ဘက်သို့ ညွှန်ပြတော်မူခဲ့သည်။

[صحيح] - [رواه مسلم] - [صحيح مسلم - 2864]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) က ကိယာမသ်နေ့တွင် နေကို ဖန်ဆင်းခံတို့နှင့် နီးကပ်စေတော်မူမည်ဖြစ်ပြီး၊ နောက်ဆုံး သူတို့၏ ဦးခေါင်းများနှင့် တစ်မိုင်ခန့်သာ ကွာဝေးတော့မည်ဟု မိန့်ကြားတော်မူခဲ့သည်။ သာဗီအီပညာရှင်ကြီး စူလိုင်မ် ဗင်န် အာမိရ်က ပြောပြခဲ့သည်- အလ္လာဟ်အရှင်မြတ်၏ ကစမ် ‘မိုင်’ဟူသော စကားဖြင့် အဘယ်ကို ဆိုလိုသည်ကို ကျွန်ုပ် မသိပါ။ မြေကြီး၏အကွာအဝေးကို ဆိုလိုသလော၊ သို့တည်းမဟုတ် မျက်စိ၌ ကာဂျယ်ဆိုးသော “အမှုန့်တံ” ကို ဆိုလိုသလောဆိုသည်ကို ကျွန်ုပ်မသိပါ ဟု ပြောဆိုခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “လူသားတို့သည် မိမိတို့၏ လုပ်ရပ်များအလျောက် ချွေးများ၌ နှစ်နေကြလိမ့်မည်။ အချို့မှာ မိမိ၏ခြေမျက်စိအထိ၊ အချို့မှာ ဒူးဆစ်အထိ၊ အချို့မှာ ခါးနှင့် ခါးပတ်ကြိုး ချွေးများ၌ နှစ်နေကြလိမ့်မည်။ အချို့အတွက်မူ ချွေးများသည် ၎င်းတို့၏ပါးစပ်အထိပင် ရောက်ရှိလာပြီး စကားပြောခြင်းကို တားဆီးလိမ့်မည်။ ရာဝီဆင့်ပြန်သူက ပြောပြသည်– အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိလက်တော်ဖြင့် မိမိပါးစပ်တော်ဘက်သို့ ညွှန်ပြတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ ကိယာမသ်နေ့၏ ကြောက်မက်ဖွယ်အခြေအနေများနှင့် ထိုအရာများမှ ခြိမ်းခြောက်ထားခြင်း။
  2. ၂။ လူတို့သည် ကိယာမသ်နေ့တွင် ရပ်တည်ရသည့်နေရာ( စာရင်းစစ်ဆေးရန်အတွက် အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရပ်ရသည့်နေရာ) ၌ မိမိတို့၏ လုပ်ရပ်များပေါ်မူတည်၍ အခက်အခဲဒုက္ခကို ရင်ဆိုင်ကြရမည်ဖြစ်သည်။
  3. ၃။ ကောင်းမှုကုသိုလ်များပြုလုပ်ရန် အားပေးတိုက်တွန်းထားခြင်းနှင့် မကောင်းမှုဒုစရိုက်များမှ ခြိမ်းခြောက်သတိပေးထားခြင်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (42)
ထပ်၍