عَنِ النُّعْمَانِ بْنِ بَشِيرٍ رَضِيَ اللَّهُ عَنْهُ قَالَ:
أَلَسْتُمْ فِي طَعَامٍ وَشَرَابٍ مَا شِئْتُمْ؟ لَقَدْ رَأَيْتُ نَبِيَّكُمْ صَلَّى اللهُ عَلَيْهِ وَسَلَّمَ وَمَا يَجِدُ مِنَ الدَّقَلِ مَا يَمْلَأُ بِهِ بَطْنَهُ.

[صحيح] - [رواه مسلم] - [صحيح مسلم: 2977]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

နုအ်မားန် ဗင်န် ဗရှီးရ် ( ရဿွိယလ္လာဟုအန်ဟု ) ဆင့်ပြန်ခဲ့သည်။
အသင်တို့သည် အသင်တို့စိတ်ကြိုက် အစားအသောက်များကို ပေါများစွာရရှိနေသည်မဟုတ်လော။ ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့၏နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မိမိဝမ်းဗိုက်ကိုဖြည့်တင်းရန် ညံ့ဖျင်းသောစွန်ပလွံသီး‌ခြောက်တစ်လုံးမျှပင် မရှိခဲ့သည့် အခြေအနေကို ကျွန်ုပ်မြင်တွေ့ခဲ့ရဖူးသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2977]

ရှင်းလင်းချက်

နုအ်မာန် ဗင်န် ဘရှီးရ် (ရဿွိယလ္လာဟုအန်ဟု) က လူတို့အား သူတို့ပိုင်ဆိုင်နေရသော နိအ်မသ်ကျေးဇူးတော်များနှင့် ၎င်းတို့သည် အလိုရှိသမျှ စိတ်ကြိုက်စားနိုင်သောက်နိုင်သော စားစရာနှင့်သောက်စရာများ ရှိနေကြဆဲဖြစ်သည်ကို သတိပေးပြောကြားခဲ့သည်။ ထို့နောက် ၎င်းက နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိမိဝမ်းဗိုက်ကိုဖြည့်တင်းရန် ညံ့ဖျင်းသောစွန်ပလွံသီး‌ခြောက်တစ်လုံးမျှပင် မရှိခဲ့သည့် အခြေအနေကို တင်ပြခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဇုဟ်ဒ် (လောကီအလိုဆန္ဒကို စွန့်လွှတ်သော ဘဝနေထိုင်မှု)၏ အခြေအနေကို ရှင်းလင်းဖော်ပြခြင်း။
  2. လောကီဘဝ၌ ဇုဟ်ဒ် (အလိုဆန္ဒကို စွန့်လွှတ်ခြင်း) ပြုရန်၊ အနည်းငယ်ဖြင့်သာ ကျေနပ်ရောင့်ရဲရန် နှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား အတုယူလိုက်နာရန် တိုက်တွန်းထားခြင်း။
  3. လူသားများအား သူတို့ပိုင်ဆိုင်နေရသော နိအ်မသ်ကျေးဇူးတော်များကို သတိရစေခြင်းနှင့် ထိုကျေးဇူးတော်များအတွက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ရန် တိုက်တွန်းထားခြင်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (34)
ထပ်၍