عَن أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«يُسَلِّمُ الرَّاكِبُ عَلَى المَاشِي، وَالمَاشِي عَلَى القَاعِدِ، وَالقَلِيلُ عَلَى الكَثِيرِ». وَلِلبُخَارِي: «يُسَلِّمُ الصَّغِيرُ عَلَى الكَبِيرِ، وَالمَارُّ عَلَى القَاعِدِ، وَالقَلِيلُ عَلَى الكَثِيرِ».

[صحيح] - [متفق عليه] - [صحيح البخاري: 6232]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အစီးအနင်းစီးထားသူက လမ်းလျှောက်နေသူကို၊ လမ်းလျှောက်နေသူက ထိုင်နေသူကို၊ လူနည်းစုက လူအများစုကို စလာမ်နှုတ်ခွန်းဆက်ရမည်။ ဗုခါရီကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ- ငယ်သူက ကြီးသူကို၊ ဖြတ်သန်းသွားသူက ထိုင်နေသူကို လူအနည်းစုက လူအများစုကို စလာမ်နှုတ်ခွန်းဆက်ရမည်။

[صحيح] - [متفق عليه] - [صحيح البخاري - 6232]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့ကြားတွင် “အတ်စ္စလာမုအာလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဗရကာသုဟူ” (အသင်တို့အပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှု၊ ကရုဏာတော်နှင့် ဗရကသ်မင်္ဂလာများ ကျရောက်ပါစေ။)ဟူ၍ စလာမ်ပေးနှုတ်ဆက်ခြင်းဆိုင်ရာ စည်းကမ်းတစ်ခုကို လမ်းညွှန်ပြတော်မူသည်။ ၎င်းမှာငယ်သူက ကြီးသူကို၊ အစီးအနင်းစီးထားသူက လမ်းလျှောက်နေသူကို၊ လမ်းလျှောက်နေသူက ထိုင်နေသူကို၊ လူနည်းစုက လူအများစုကို စလာမ်ပေးနှုတ်ခွန်းဆက်ရမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဟဒီးဆ်တော်တွင် ဖော်ပြထားသည့်အတိုင်း စလာမ်ပေးခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ အကယ်၍ ဟဒီးဆ်တော်တွင် ဖော်ပြထားသည်နှင့် ဆန့်ကျင်ဘက် လမ်းလျှောက်နေသူက အစီးအနင်း စီးထားသူကို စလာမ်ပေးလျှင်လည်း ပိုင်သည်။ သို့သော် အကောင်းဆုံး၊ အမွန်မြတ်ဆုံးအရာနှင့် ဆန့်ကျင်သည်။
  2. ဟဒီးဆ်တော်တွင် လာရှိသည့် နည်းလမ်းအတိုင်း စလာမ်ဖြန့်ချိခြင်းသည် ချစ်ခင်မှု၊ ညီညွတ်မှု၏ အကြောင်းခံများအနက်မှ တစ်ခုဖြစ်သည်။
  3. ဟဒီးဆ်တော်တွင် ဖော်ပြထားသည့် အခြေအနေများအနက် တူညီသောအခြေအနေတွင် ရှိနေသူများဖြစ်ပါက (ဥပမာ- အစီးအနင်း စီးထားသူအချင်းချင်း ဖြစ်ပါက) ၎င်းတို့အနက် အကောင်းဆုံးသူမှာ စလာမ် စတင်ပေးသူပင်ဖြစ်သည်။
  4. ဤရှရီအဟ် တရားလမ်းစဉ်၏ ပြည့်စုံမှုတစ်ရပ်မှာ လူသားတို့၏ လိုအပ်ချက်များအားလုံးကို ရှင်းပြခြင်းဖြစ်သည်။
  5. စလာမ် နှုတ်ခွန်းဆက်ခြင်းဆိုင်ရာ ကျင့်ဝတ်များနှင့် ရပိုင်ခွင့် ရှိသူတိုင်းအား ၎င်း၏ရပိုင်ခွင့်ကိုပေးရန် သင်ကြားပေးထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)
ထပ်၍