عَنْ صَفْوَانَ بْنِ مُحْرِزٍ قَالَ: قَالَ رَجُلٌ لِابْنِ عُمَرَ رضي الله عنهما كَيْفَ سَمِعْتَ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، يَقُولُ: فِي النَّجْوَى؟ قَالَ: سَمِعْتُهُ يَقُولُ:
«يُدْنَى الْمُؤْمِنُ يَوْمَ الْقِيَامَةِ مِنْ رَبِّهِ عَزَّ وَجَلَّ، حَتَّى يَضَعَ عَلَيْهِ كَنَفَهُ، فَيُقَرِّرُهُ بِذُنُوبِهِ، فَيَقُولُ: هَلْ تَعْرِفُ؟ فَيَقُولُ: أَيْ رَبِّ أَعْرِفُ، قَالَ: فَإِنِّي قَدْ سَتَرْتُهَا عَلَيْكَ فِي الدُّنْيَا، وَإِنِّي أَغْفِرُهَا لَكَ الْيَوْمَ، فَيُعْطَى صَحِيفَةَ حَسَنَاتِهِ، وَأَمَّا الْكُفَّارُ وَالْمُنَافِقُونَ، فَيُنَادَى بِهِمْ عَلَى رؤُوسِ الْخَلَائِقِ هَؤُلَاءِ الَّذِينَ كَذَبُوا عَلَى اللهِ».
[صحيح] - [متفق عليه] - [صحيح مسلم: 2768]
المزيــد ...
ဆွဖ်ဝါန် ဗင်န် မုဟ်ရိဇ်မှ ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောသည်မှာ- လူတစ်ဦးက အိဗ်နုအုမရ် (ရဿွိလ္လဟုအလ္လာဟ်အန်ဟုမာ ) အား မေးမြန်းခဲ့သည်- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို "နဂျ်ဝါ" (ကွယ်ရာတွင်စကားပြောခြင်း) နှင့်ပတ်သက်၍ မည်သို့ မိန့်ကြားသည်ကို သင့်အနေဖြင့် ကြားသိခဲ့ရသနည်း။ ထိုအခါ အိဗ်နုအုမရ်က ဖြေကြားခဲ့သည်မှာ- ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့ မိန့်ကြားသည်ကို ကြားသိခဲ့ရသည်-
“ကိယာမတ်နေ့တွင် မုအ်မင်န်ယုံကြည်သူအား သူ့အရှင်သခင်၏ အနီးသို့ ခေါ်ဆောင်လာခြင်းခံရမည်။ နောက်ဆုံး အလ္လာဟ်အရှင်မြတ်က သူ့အား မိမိအကာအကွယ်အောက်သို့ ထားတော်မူမည်။ ထို့နောက် သူ၏အပြစ်များကို ဝန်ခံစေတော်မူပြီး ‘ဤအပြစ်ကို သင်မှတ်မိသလောဟု မေးမြန်းတော်မူမည်။ ထို(မုအ်မင်န်ယုံကြည်) သူက ‘အိုကျွန်တော်မျိုး၏အရှင်၊ ကျွန်တော်မျိုး မှတ်မိပါ၏’ ဟုလျှောက်ထားလိမ့်မည်။ အလ္လာဟ်အရှင်မြတ်က ‘ငါအရှင်မြတ်သည် လောကီ၌ ထိုအပြစ်များအား သင့်အပေါ်၌ ဖုံးကွယ်ပေးတော်မူခဲ့ပြီး ယနေ့ငါအရှင်မြတ်သည် သင့်အတွက် ထိုအပြစ်များကို ခွင့်လွှတ်တော်မူမည်’ ဟု မိန့်ကြားတော်မူမည်။ ထို့နောက် သူ၏ ကောင်းမှုများမှတ်တမ်းကို သူ့ထံပေးအပ်တော်မူမည်။ သို့ရာတွင် ကာဖိရ်များနှင့် မုနာဖိက်များမှာမူကား အဖန်ဆင်ခံအားလုံး၏ ရှေ့မှောက်တွင် ၎င်းတို့အား 'ဤသူများသည် အလ္လာဟ်အရှင်မြတ်အပေါ် မုသားလိမ်လည်စွပ်စွဲခဲ့ကြသောသူများပင် ဖြစ်ကြသည်' ဟု ကြွေးကြော်ခြင်းခံကြရမည်။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2768]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကိယာမတ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ မုအ်မင်န်ကျေးကျွန်အား လျှို့ဝှက်စွာစကားပြောဆိုတော်မူမည့်အကြောင်းကို မိန့်ကြားတော်မူခဲ့သည်။
ကိယာမတ်နေ့တွင် မုအ်မင်န်ယုံကြည်သူအား သူ့အရှင်သခင်၏ အနီးသို့ ခေါ်ဆောင်လာခြင်းခံရမည်။ အလ္လာဟ်အရှင်မြတ်က သူ့အား မိမိအကာ
အကွယ်အောက်သို့ ထားတော်မူမည်။ ထိုသို့အားဖြင့် အခြားသူများက သူ၏လျှို့ဝှက်ချက်များကို မသိရှိနိုင်စေရန် ဖြစ်သည်။ ထို့နောက် အရှင်မြတ်က ၎င်းအား မိန့်တော်မူမည်မှာ-
အသင် ဤသို့ အပြစ်၊ ဤသို့ အပြစ်များကို သိပါသလော။ ထို့နောက် ဗန္ဒဟ်ကျေးကျွန်နှင့် မိမိ၏ အရှင်သ
ခင်ကြားလျှို့ဝှက်ကျူးလွန်ခဲ့သည့် အပြစ်များကို တစ်ခုပြီးတစ်ခု ဝန်ခံစေမည်။
ထိုအခါ ၎င်းက 'ဟုတ်ပါသည်၊ အို- ကျွန်တော်မျိုး၏အရှင်၊ ကျွန်တော်မျိုး မှတ်မိပါသည်' ဟု ဝန်ခံပြောဆိုမည်။
နောက်ဆုံး မုအ်မင်န်သက်ဝင်ယုံကြည်သူသည် ကြောက်လန့်တကြားဖြစ်နေချိန်တွင် ကရုဏာတော်ရှင်က ‘ငါအရှင်မြတ်သည် လောကီ၌ ထိုအပြစ်များအား သင့်အပေါ်၌ ဖုံးကွယ်ပေးတော်မူခဲ့ပြီး ယနေ့ငါအရှင်မြတ်သည် သင့်အတွက် ထိုအပြစ်များကို ခွင့်လွှတ်တော်မူမည်’ ဟု မိန့်ကြားတော်မူမည်။ ထို့နောက် သူ၏ ကောင်းမှုများမှတ်တမ်းကို သူ့ထံပေးအပ်တော်မူမည်။
သို့ရာတွင် ကာဖိရ်များနှင့် မုနာဖိက်များမှာမူကား အဖန်ဆင်ခံအားလုံး၏ ရှေ့မှောက်တွင် ၎င်းတို့အား 'ဤသူများသည် အလ္လာဟ်အရှင်မြတ်အပေါ် မုသားလိမ်လည်စွပ်စွဲခဲ့ကြသောသူများပင် ဖြစ်ကြသည်' ဟု ကြွေးကြော်ခြင်းခံကြရမည်။ သတိပြုကြလော့၊ မတရားသူတို့အပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ပြစ်တင်ကျိန်ဆဲခြင်း ရှိပါစေသတည်း။