عَنْ عَائِشَةَ أُمِّ المُؤْمنين رَضيَ اللهُ عنها قَالَتْ: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«يُحْشَرُ النَّاسُ يَوْمَ الْقِيَامَةِ حُفَاةً عُرَاةً غُرْلًا» قُلْتُ: يَا رَسُولَ اللهِ النِّسَاءُ وَالرِّجَالُ جَمِيعًا يَنْظُرُ بَعْضُهُمْ إِلَى بَعْضٍ؟ قَالَ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «يَا عَائِشَةُ، الْأَمْرُ أَشَدُّ مِنْ أَنْ يَنْظُرَ بَعْضُهُمْ إِلَى بَعْضٍ».
[صحيح] - [متفق عليه] - [صحيح مسلم: 2859]
المزيــد ...
မုအ်မင်န်တို့၏ မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
လူတို့သည် ကိယာမသ်နေ့တွင် ခြေဗလာ၊ အဝတ်ဗလာ၊ ခသ်နဟ်မလုပ်ကြရသေးသူများအဖြစ်နဲ့ စုရုံးစေခြင်းခံရမည်။ ကျွန်မ(အာအိရှဟ်သခင်မ)က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အမျိုးသမီးများနှင့် အမျိုးသားများသည် တစ်ဦး(အရှက်) ကိုတစ်ဦး ကြည့်မြင်ကြရမည်လား" ဟုလျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "အို- အာအိရှဟ်၊ (ကိယာမသ်နေ့၏)အခြေအနေမှာ လူတို့သည် တစ်ဦး(အရှက်)ကိုတစ်ဦး ကြည့်မြင်ခြင်းထက်ပို၍ ပြင်းထန်ပေသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2859]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကိယာမသ်နေ့တွင် ဖြစ်ပေါ်မည့် အချို့အခြေအနေများကို ဖော်ပြခဲ့ပြီး၊ လူသားအားလုံးသည် သူတို့၏ကဗရ်သချိုင်းများမှ ရှင်ပြန်ထ မြောက်စေခြင်းခံရပြီးနောက် ဟိစားဗ် (ပြုလုပ်ခဲ့သည့်လုပ်ရပ်များအတွက် စာရင်းရှင်းရန်) အတွက် စုရုံးကြရမည်ဖြစ်ကာ၊ သူတို့၏အခြေအနေမှာ ဖိနပ်မပါဘဲ ခြေဗလာဖြင့်၊ အဝတ်အထည် သို့မဟုတ် အကာအရံမပါဘဲ ကိုယ်ဗလာဖြင့်၊ ၎င်းတို့၏ မိခင်များက ၎င်းတို့အား မွေးဖွားခဲ့သောနေ့ကအတိုင်းပင် ခသ်နဟ်မလုပ်ကြရသေးသူများအဖြစ်နဲ့ ရှိကြမည်ဖြစ်သည်။ မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဤအကြောင်းကိုကြားသိရသောအခါ အံ့အားသင့်စွာဖြင့် လျှောက်ထားမေးမြန်းခဲ့သည်- အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အမျိုးသမီးနှင့် အမျိုးသားအားလုံးသည် အားလုံး တစ်ဦး(အရှက်)ကိုတစ်ဦး ကြည့်မြင်ကြရမည်လား။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သခင်မအား ရှင်းပြတော်မူခဲ့သည်မှာ- သေပြီးနောက် ရှင်ပြန်ထမြောက်ခြင်းနှင့် ကိယာမသ်တရားစီရင်မည့်နေ့၏ အခြေအနေများသည် အလွန်ကြောက်မက်ဖွယ်ရာဖြစ်ပြီး၊ လူတို့၏ အာရုံစူးစိုက်မှုနှင့် မျက်စိများကို အရှက်အင်္ဂါများဘက်သို့ ကြည့်ရှုခြင်းမှ လွဲဖယ်စေလိမ့်မည်ဖြစ်သည်။