عَنْ أَبِي هُرَيْرَةَ رضي الله عنه:
أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ يَقُولُ فِي سُجُودِهِ: «اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ».
[صحيح] - [رواه مسلم] - [صحيح مسلم: 483]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်
"အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်-
«اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ».
( အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ကြီးသောအပြစ်၊ သေးသောအပြစ်၊ ရှေ့တွင်ဖြစ်ခဲ့သောအပြစ်နှင့်၊ နောက်တွင်ဖြစ်လာမည့်အပြစ်၊ လူသိရှင်ကြားပြုမိသောအပြစ်နှင့် လျှို့ဝှက်စွာပြုမိ သောအပြစ် စသည့်အပြစ်ဂုနဟ်များအားလုံးကို ခွင့်လွှတ်တော်မူပါ"။)
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 483]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်- (اللهُمَّ اغْفِرْ لِي ذَنْبِي) "အလ္လာဟုမ္မဂ်ဖိရ်လီ ဇမ်ဘီ" အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ၊ တစ်နည်း အပြစ်များကို ဖုံးကွယ်ပေးတော်မူပြီး ၎င်း၏ အကျိုးဆက်ဘေးမှ ကာကွယ်တော်မူပါ၊ သည်းခံတော်မူပါ၊ မျက်နှာလွှဲတော်မူပါဟု ဆိုလိုသည်။ (كُلَّهُ )"ကုလ္လဟူ" ဆိုသည်မှာ အပြစ်အားလုံးဟူ၍ဖြစ်သည်။ ဆိုလိုသည်မှာ (دِقَّهُ) "ဒိက္က-ဟု" ခေါ်သော အသေးအဖွဲနှင့် အနည်းငယ်မျှသောအပြစ်၊ (وَجِلَّهُ)"ဝဂျိလ္လဟူ-ဟု" ခေါ်သော ကြီးလေးသေ၊ များပြားလှသောအပြစ်၊ (وَأَوَّلَهُ)"ဝ အောင်ဝ်ဝလဟူ" ဟု ခေါ်သော ရှေးဦးစွာ ကျူးလွန်ခဲ့သော အပြစ်၊(وَآخِرَهُ) "ဝအာခီရဟူ-ဟု" ခေါ်သော နောက်ဆုံးကျူးလွန်ခဲ့သောအပြစ်နှင့် ကြားတွင်ကျူးလွန်ခဲ့သောအပြစ်၊ (عَلَانِيَتَهُ وَسِرَّه) "အလာနိယသဟူ ဝ စိရ်ရဟူ" ဟု ခေါ်သော လူသိရှင်ကြား ကျူးလွန်ခဲ့သော အပြစ်များ နှင့် လျှို့ဝှက်စွာ ကျူးလွန်ခဲ့သော အပြစ်များ၊ အရှင်မြတ်မှတစ်ပါး မည်သူမျှ မသိနိုင်သော အပြစ်များ အားလုံးကို လွှတ်တော်မူပါဟု ဆိုလိုသည်။