عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لاَ يُصَلِّي أَحَدُكُمْ فِي الثَّوْبِ الوَاحِدِ لَيْسَ عَلَى عَاتِقَيْهِ شَيْءٌ».
[صحيح] - [متفق عليه] - [صحيح البخاري: 359]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“သင်တို့အနက်မှတစ်ဦးဦးသည် မိမိ၏ ပခုံးနှစ်ဖက်ပေါ်၌ (အဝတ်) တစ်စုံတစ်ရာ တင်ထားခြင်းမရှိဘဲ အဝတ်တစ်ထည်တည်းဖြင့် ဆွလာသ်ဝတ်ပြုခြင်း မပြုရ။”
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 359]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဝတ်တစ်ထည်တည်းဖြင့် ဆွလာသ်ဝတ်ပြုသူအား ပခုံးနှစ်ဖက်ပေါ်တွင် တစ်စုံတစ်ရာဖုံးအုပ်ထားခြင်းမရှိဘဲ ဖော်ထားခြင်းမှတားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ပခုံးနှစ်ဖက်သည် ဖုံးအုပ်ထိုက်သော အစိတ်အပိုင်းမဟုတ်သော်လည်း ဆွလာသ်ဝတ်ပြုနေစဉ် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရပ်တည်နေချိန်၌ ယင်းတို့ကို ဖုံးကွယ်ထားခြင်းသည် ပို၍လေး နက်မှု၊ ရိုသေမှုရှိစေပြီး အရှက်ကို သေချာစွာဖုံးကွယ်နိုင်ရန် ပိုမိုအထောက်အကူဖြစ်စေသည်။