عَنْ عَائِشَةَ أُمِّ المؤْمنينَ رَضيَ اللهُ عنها قَالَت:
كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا أَتَى الْمَرِيضَ يَدْعُو لَهُ قَالَ: «أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا».
[صحيح] - [متفق عليه] - [صحيح مسلم: 2191]
المزيــد ...
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
"အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နာမကျန်းဖြစ်နေသူထံကြွမြန်းရောက်ရှိသွားသည့်အခါ ၎င်းအတွက် ဤသို့ ဒုအာပြုပေးတော်မူလေ့ရှိသည်-
«أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا».
အို လူသားတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဘေးဒုက္ခကို ဖယ်ရှားတော်မူပါ။ ပြင်းထန်တယ့် ဝေဒနာကို ကင်းဝေးစေတော်မူပါ။ ရောဂါကို သက်သာပျောက်ကင်းစေတော်မူပါ။ အရှင်မြတ်သာလျှင် သက်သာပျောက်ကင်းမှုကို ပေးနိုင်တော်မူသောအရှင် ဖြစ်တော်မူပါ၏။ အရှင်မြတ်ပေးသနားတော်မူသော ပျောက်ကင်းချမ်းသာမှုမှတစ်ပါး အခြားသော ပျောက်ကင်းချမ်းသာမှု မရှိပါ။ မည်သည့်ရောဂါဝေဒနာမျှ မကျန်ရစ်စေမည့် ပျောက်ကင်းချမ်းသာမှုကို ပေးသနားတော်မူပါ။"
[صحيح] - [متفق عليه] - [صحيح مسلم - 2191]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နာမကျန်းဖြစ်နေသူတစ်ဦးအား သွားရောက်ကြည့်ရှုသောအခါ ထိုလူနာအတွက် ဤသို့ ဒုအာပြုပေးတော်မူလေ့ရှိသည်- အို- အလ္လာဟ်အရှင်မြတ်၊ ပြင်းထန်သော ရောဂါဝေဒနာကို ဖယ်ရှားပေးတော်မူပါ။ အိုလူသားတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ၎င်းတို့အား ပြုစုပျိုးထောင်တော်မူသောအရှင်၊ ဤရောဂါဝေဒနာကို သက်သာပျောက်ကင်းစေတော်မူပါ။ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါသည်။ အရှင်မြတ်သာလျှင် အမှန်တကယ် သက်သာပျောက်ကင်းစေနိုင်တော်မူသောအရှင်ဖြစ်ပါသည်။ ကျွန်တော်မျိုးသည် အရှင်မြတ်၏ အတ်ရှာဖီ (သက်သာပျောက်ကင်းစေတော်မူသောအရှင်)ဟူသော နာမတော်ဖြင့် အရှင်မြတ်ထံ အကြောင်းခံ၍ တောင်းခံအပ်ပါသည်။ လူနာအတွက် အရှင်မြတ်ပေးသနားတော်မူသော ပျောက်ကင်းချမ်းသာမှုမှတစ်ပါး အခြားသော ပျောက်ကင်းချမ်းသာမှု မရှိပါ။ မည်သည့်ရောဂါဝေဒနာမျှ မကျန်ရစ်စေမည့် ပျောက်ကင်းချမ်းသာမှုကို ပေးသနားတော်မူပါ။"