ဟဒီးဆ်တော်များစာရင်း

မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ(၁) စလာမ်၏အဖြေပေးခြင်း (၂) လူမမာ သတင်းမေးခြင်း (၃) ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း (၄) ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း (၅) နှာချေသူကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
- «أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا». အို လူသားတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဘေးဒုက္ခကို ဖယ်ရှားတော်မူပါ။ ပြင်းထန်တယ့် ဝေဒနာကို ကင်းဝေးစေတော်မူပါ။ ရောဂါကို သက်သာပျောက်ကင်းစေတော်မူပါ။ အရှင်မြတ်သာလျှင် သက်သာပျောက်ကင်းမှုကို ပေးနိုင်တော်မူသောအရှင် ဖြစ်တော်မူပါ၏။ အရှင်မြတ်ပေးသနားတော်မူသော ပျောက်ကင်းချမ်းသာမှုမှတစ်ပါး အခြားသော ပျောက်ကင်းချမ်းသာမှု မရှိပါ။ မည်သည့်ရောဂါဝေဒနာမျှ မကျန်ရစ်စေမည့် ပျောက်ကင်းချမ်းသာမှုကို ပေးသနားတော်မူပါ။
عربي အင်္ဂလိပ် အုရ်ဒူ