عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنهُ أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«رُبَّ أَشْعَثَ مَدْفُوعٍ بِالْأَبْوَابِ لَوْ أَقْسَمَ عَلَى اللهِ لَأَبَرَّهُ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2622]
المزيــد ...
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"ဆံပင်ရှုပ်ပွနေပြီး တံခါးဝတွင် ငြင်းပယ်မောင်းထုတ်ခံရသော များစွာသောသူများသည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ကျိန်ဆိုပါက အရှင်မြတ်သည် ထိုကျိန်ဆိုချက်ကို ပြည့်စုံစေတော်မူ၏။”
[صحيح] - [رواه مسلم] - [صحيح مسلم - 2622]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်− လူတို့အနက် ဆံပင်များရှုပ်ပွနေပြီး ဖုန်များပေလူးနေသူတစ်ဦးရှိ၏။ ထိုသူသည် ဆံပင်ကို ဆီမလိမ်း၊ မကြာခဏလည်း မလျှော်။ လူတို့ထံ၌ သူသည်အလေးထားခြင်းလည်း မခံရပေ။ လူတို့က သူ့အား မိမိတို့၏ အိမ်တံခါးဝများမှ တွန်းထုတ်ပစ်ကြပြီး မထီမဲ့မြင်ပြု၍ မောင်းထုတ်ကြသည်။ သို့ရာတွင် ထိုသူသည် အကြောင်းတစ်ခုခုကို ကျိန်ဆို၍ ဖြစ်စေရန် ဆုတောင်းခဲ့လျှင် ထိုအရာကို အလ္လာဟ် အရှင်မြတ်က ဖြစ်ပေါ်စေတော်မူ၏။ ယင်းမှာ ထိုသူ၏ ဆုတောင်းကို ဖြေကြားပေးခြင်းဖြင့် ဂုဏ်ပြုတော်မူခြင်းနှင့် သူ၏ကျိန်ဆိုချက် မမှားယွင်းစေရန် ကာကွယ်ပေးတော်မူခြင်း ဖြစ်၏။ အကြောင်းမှာ ထိုသူသည် အလ္လာဟ်အရှင်မြတ်ထံတွင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်း မြင့်မြတ် သောကြောင့်ပင်ဖြစ်သည်။