عَنِ الْبَرَاءِ رضي الله عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَا مِنْ مُسْلِمَيْنِ يَلْتَقِيَانِ فَيَتَصَافَحَانِ إِلَّا غُفِرَ لَهُمَا قَبْلَ أَنْ يَفْتَرِقَا».
[صحيح بمجموع طرقه] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن أبي داود: 5212]
المزيــد ...
ဗရာအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မွတ်စ်လင်မ်နှစ်ဦး တွေ့ဆုံသည့်အခါ လက်ဆွဲနှုတ်ဆက်ကြပါက ၎င်းတို့နှစ်ဦး မခွဲခွာမီအလျှင် အပြစ်များမှ ခွင့်လွှတ်ချမ်းသာ
ပေးခြင်းခံရပေမည်။
[صحيح بمجموع طرقه] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن أبي داود - 5212]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မွတ်စ်လင်မ်နှစ်ဦး လမ်း၌ဖြစ်စေ၊ အခြားနေရာ၌ဖြစ်စေ တွေ့ဆုံကြသည့်အခါတိုင်း ၎င်းတို့အနက်မှ တစ်ဦးက အခြားတစ်ဦးကို စလာမ်ပေးပြီး လက်ဆွဲနှုတ်ဆက်ပါက ၎င်းတို့၏ ခန္ဓာကိုယ်များ ခွဲခွါသွားခြင်း သို့မဟုတ် လက်ဆွဲနှုတ်ဆက်မှု ပြီးဆုံးသွားခြင်းမပြုမီပင် ၎င်းတို့နှစ်ဦးမှာ ခွင့်လွှတ်တော်မူခြင်းခံရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။