عَنْ أَبِي هُرَيْرَةَ رضي الله عنه أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«خَيْرُ يَوْمٍ طَلَعَتْ عَلَيْهِ الشَّمْسُ يَوْمُ الْجُمُعَةِ، فِيهِ خُلِقَ آدَمُ، وَفِيهِ أُدْخِلَ الْجَنَّةَ، وَفِيهِ أُخْرِجَ مِنْهَا، وَلَا تَقُومُ السَّاعَةُ إِلَّا فِي يَوْمِ الْجُمُعَةِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 854]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
နေထွက်ရာနေ့များအနက် အမွန်မြတ်ဆုံးနေ့မှာ ဂျုမုအဟ်(သောကြာ)နေ့ဖြစ်သည်။ ထိုနေ့တွင် အာဒမ် (အလိုင်းဟိစ္စလာမ်)သည် ဖန်ဆင်းခြင်းခံခဲ့ရပြီး၊ ထိုနေ့မှာပင် သူ့အား ဂျန္နသ်သို့ ဝင်ရောက်ခွင့်ပေးခြင်းခံခဲ့ရပြီး ထိုနေ့မှာပင် ဂျန္နသ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ကိယာမသ်နေ့သည်လည်း ထိုနေ့မှာပင် ဖြစ်ပေါ်လာမည်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 854]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ နေထွက်ရာနေ့များအနက် အမွန်မြတ်ဆုံးနေ့မှာ ဂျုမုအဟ်(သောကြာ)နေ့ပင်ဖြစ်သည်။ ထိုနေ့၏ထူးခြားချက်များထဲမှ အချို့မှာ - အလ္လာဟ်အရှင်မြတ်သည် ထိုနေ့တွင် အာဒမ်(အလိုင်းဟိစ္စလာမ်)အား ဖန်ဆင်းတော်မူခဲ့သည်။ ထိုနေ့တွင်ပင် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူခဲ့သည်။ ထိုနေ့တွင်ပင် သူ့အား ဂျန္နသ်မှ ထုတ်ပယ်တော်မူခဲ့ပြီး ကမ္ဘာမြေ‌ပေါ်သို့ ချတော်မူခဲ့သည်။ ထို့ပြင် ကိယာမသ်နေ့သည်လည်း ဂျုမုအဟ်နေ့၌သာလျှင် ဖြစ်မည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဂျုမုအဟ်နေ့သည် ရက်သတ္တပတ်၏ နေ့ရက်များအားလုံးထက် ပို၍ မွန်မြတ်ခြင်း။
  2. ဂျုမုအဟ်နေ့တွင် အအ်မာလေစွာလိဟဟ် (ကောင်းမွန်သော အမလ်များ )ကို များစွာပြုလုပ် ဆောင်ရွက်ရန်၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို ရယူနိုင်ရန်နှင့် အရှင့်အမျက်တော်မှ ကာကွယ်နိုင်ရန် တိုက်တွန်းနိုးဆော်ထားခြင်း။
  3. ဟဒီးစ်တော်၌ ဖော်ပြထားသော ဂျုမုအဟ်နေ့၏ ဤထူးခြားချက်များနှင့်ပတ်သက်၍ အချို့က ဤအချက်အားလုံးသည် ဂျုမုအဟ်နေ့၏ မွန်မြတ်မှုကို ဖော်ပြခြင်းမဟုတ်ဟု ဆိုကြသည်။ အကြောင်းမှာ( ထိုနေ့တွင်) အာဒမ်( အလိုင်ဟိစ္စလာမ် )အား ဂျန္နသ်မှ ထုတ်ပယ်ခြင်းနှင့် ( ထိုနေ့တွင် ) ကိယာမသ်ရှင်ပြန်ထမည့်နေ့ ဖြစ်ခြင်းသည် မွန်မြတ်မှုတစ်ရပ်အဖြစ် မသတ်မှတ်နိုင်သောကြောင့်ဖြစ်သည်။ အချို့က ဤအချက်အားလုံးသည် မွန်မြတ်မှုများပင် ဖြစ်သည်ဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် အာဒမ်အား ဂျန္နသ်မှ ထုတ်ပယ်လိုက်ခြင်းသည် တမန်တော်များ၊ နဗီများနှင့် သူတော်ကောင်းများအပါအဝင် လူသားအမျိုးအနွယ်များ ပေါ်ထွန်းရေးအတွက် အကြောင်းခံဖြစ်ခဲ့သည်။ ကိယာမသ်ရှင်ပြန်ထမည့်နေ့သည် သူတော်ကောင်းများ၏ အကျိုးဆုလာဘ်နှင့်၊ အလ္လာဟ်အရှင်မြတ်က သူတို့အတွက် အဆင်သင့်ပြင်ထားတော်မူသော ဂုဏ်ပေးချီးမြှင့်မှုများကို အလျှင်အမြန် ရရှိစေသောကြောင့်ဖြစ်သည်။
  4. ဤဆင့်ပြန်ချက်တွင်ဖော်ပြထားသော အချက်များအပြင် သောကြာနေ့၏ အခြားထူးခြားချက်များလည်း ရှိသေးသည်။ ၎င်းတို့မှာ - ထိုနေ့တွင် အာဒမ်( အလိုင်ဟိစ္စလာမ်)၏ သောင်ဗဟ်အမှားဝန်ချ‌ တောင်းပန်မှုကို ( အရှင်မြတ် )လက်ခံတော်မူခဲ့ပြီး၊ ထိုနေ့တွင်ပင် အာဒမ်( အလိုင်ဟိစ္စလာမ်)သည် ကွယ်လွန်တော်မူခဲ့သည်။ ထိုနေ့တွင် အချိန်တစ်ချိန် ရှိပြီး၊ မုအ်မင်န်တစ်ဦးသည် ယင်းအချိန်ကိုကြုံကြိုက်ခွင့်ရပြီး အလ္လာဟ်အရှင်မြတ်ထံ တစ်စုံတစ်ရာကို တောင်းခံပါက အရှင်မြတ်သည် ၎င်းအား မုချ ချီးမြှင့်တော်မူမည်ဖြစ်သည်။
  5. တစ်နှစ်တာ၏အ
  6. မြတ်ဆုံးနေ့မှာ အရဖဟ်နေ့ ဖြစ်သည်။ အချို့က အီးဒုလ်အဒ်ွဟာ (ကုရ်ဘာနီ) နေ့ဟု ဆိုကြသည်။ တစ်ပတ်တာအတွင်း အမြတ်ဆုံးနေ့မှာ သောကြာနေ့ဖြစ်ပြီး အမြတ်ဆုံးညမှာ လိုင်လသွလ်ကဒရ် (ကဒရ်ည) ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (53)
ထပ်၍