عَنْ عَبْدِ اللَّهِ بنِ مسعُودٍ رَضِيَ اللَّهُ عَنْهُ قَالَ:
ذُكِرَ عِنْدَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَجُلٌ نَامَ لَيْلَهُ حَتَّى أَصْبَحَ، قَالَ: «ذَاكَ رَجُلٌ بَالَ الشَّيْطَانُ فِي أُذُنَيْهِ، أَوْ قَالَ: فِي أُذُنِهِ».
[صحيح] - [متفق عليه] - [صحيح البخاري: 3270]
المزيــد ...
အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောပြခဲ့သည်မှာ-
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတွင် တစ်ဦးသောသူ၏
အကြောင်း တင်ပြခဲ့ကြသည်။ သူသည် ညဉ့်အချိန်အိပ်၍ မိုးသောက်သည်အထိ ဆက်အိပ်နေခဲ့သည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ - “ထိုသူသည် ရှိုင်တွာန်က သူ၏ နားနှစ်ဖက်တွင် ဆီးသွားခဲ့သူ ဖြစ်သည်။” (သို့မဟုတ်) “သူ၏ နားအတွင်းသို့ ဆီးသွားခဲ့သူ ဖြစ်သည်” ဟု မိန့်တော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 3270]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတွင် တစ်ဦးသောသူ၏အ ကြောင်း တင်ပြခဲ့ကြသည်။ သူသည် မနက်နေထွက်သည်အထိ အိပ်နေခဲ့ပြီး ဖရဿ်ွဆွလာသ်ဝတ်ပြုရန်အတွက် မထခဲ့ချေ။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် - “ဧကန်မုချ ထိုသူသည် ရှိုင်တွာန်က သူ၏ နားအတွင်းသို့ ဆီးသွားလိုက်သကဲ့သို့ (နက်ရှိုင်းစွာအိပ်ပျော်နေသူ) ဖြစ်သည်။”