عن عمرو بن شُعيب عن أبيه عن جدِّه قال: قال رسولُ الله صلى الله عليه وسلم:
«مُرُوا أولادكمِ بالصلاةِ وهم أبناءُ سبعِ سِنينَ، واضرِبوهم عليها وهم أبناءُ عَشرٍ، وفرِّقوا بينهم في المَضاجِعِ».

[حسن] - [رواه أبو داود] - [سنن أبي داود: 495]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အမရ်ဗင်န် ရှိုအိုက်ဗ်က သူ၏ဖခင်မှတစ်ဆင့် သူ၏ဖခင်က သူ၏အဖိုးထံမှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့၏သားသမီးများ အသက်ခုနှစ်နှစ်အရွယ် ရောက်သောအခါ ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန်အမိန့်ပေးကြပါ။ ၎င်းတို့အသက် ဆယ်နှစ်ရောက်သောအခါ (ဆွလာသ်ဝတ်မပြုလျှင်) ရိုက်ကြပါ။ ၎င်းတို့ကြား၌ အိပ်ရာများခွဲလိုက်ကြပါ။

[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - [အဗူဒါဝူဒ်ကျမ်း။] - [سنن أبي داود - 495]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိန်ကြားတော်မူသည်မှာ ဧကန်အမှန်ပင် ဖခင်သည် သားသမီးများ အသက်ခုနှစ်နှစ် အရွယ်သို့ ရောက်သည့်အခါ ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးရမည်ဖြစ်ပြီး ဆွလာသ်ဆောက်တည်ရန် လိုအပ်သည့်အရာများအားသင်ကြားပေးရမည်။ ၎င်းတို့ အသက်ဆယ်နှစ်အရွယ်သို့ ရောက်လာသောအခါ အမိန့်ပေးရုံ သက်သက်မဟုတ်ဘဲ ဆွလာသ်ကိုပေါ့ဆပါက ရိုက်၍ဆုံးမရမည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့ကြားတွင် အိပ်ရာများခွဲသိပ်ရမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ငယ်ရွယ်သော သားသမီးများကို ၎င်းတို့ အရွယ်မရောက်မီကပင် သာသနာ၏ကိစ္စရပ်များကို သင်ကြားပေးရမည်။ ၎င်းတို့အနက် အရေးအကြီးဆုံးအရာမှာဆွလာသ်ဖြစ်သည်။
  2. ရိုက်ခြင်းသည် စည်းကမ်းပေးရန်ဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်ရန် မဟုတ်ပါ။ ထို့ကြောင့် ၎င်း၏အခြေအနေနှင့် သင့်တော်သည့် ပုံစံဖြင့်သာ ရိုက်၍ဆုံးမရမည်။
  3. ရှရီအဟ် တရားတော်သည် လူ့ဂုဏ်သိက္ခာကိုထိန်းသိမ်းရန် အ‌လေးထားပြီး ပျက်စီးမှုဆီသို့ ဦးတည်စေမည့် လမ်းကြောင်းတိုင်းကို ပိတ်ဆို့ထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)
ထပ်၍