عَنْ عُثْمَانَ بْنِ أَبِي الْعَاصِ الثَّقَفِيِّ رضي الله عنه أَنَّهُ شَكَا إِلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ وَجَعًا يَجِدُهُ فِي جَسَدِهِ مُنْذُ أَسْلَمَ، فَقَالَ لَهُ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«ضَعْ يَدَكَ عَلَى الَّذِي تَأَلَّمَ مِنْ جَسَدِكَ، وَقُلْ بِاسْمِ اللهِ ثَلَاثًا، وَقُلْ سَبْعَ مَرَّاتٍ أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2202]
المزيــد ...
အွတ်စ်မားန် ဗင်န် အဘီလ်အားဆ်ွ အတ်စ်စကဖီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ -
သူသည် အစ္စလာမ်သာသနာကို လက်ခံပြီးကတည်းက မိမိ၏ ခန္ဓာကိုယ်တွင် ခံစားရသောနာကျင်မှုတစ်ခုကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တိုင်ကြားခဲ့သည်။
ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အား ဤသို့မိန့်ကြားတော်မူခဲ့သည် -
သင့် ကိုယ်ခန္ဓာ၏ နာကျင်ကိုက်ခဲနေသော နေရာပေါ်သို့ သင်၏လက်ကို ထားလော့။ ထို့နောက် သုံးကြိမ် 'ဗိစ်မိလ္လာဟ်' ( بِاسْمِ اللهِ )ရွတ်ဆိုပါ။ ထို့နောက် ခုနစ်ကြိမ် (أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ)
'အအူဇုဘိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု' (ကျွန်တော်မျိုးခံစားနေရပြီး စိုးရိမ်ကြောင့်ကြနေသော အရာ၏ ဘေးရန်မှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏) ဟု ရွတ်ဆိုပါ ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2202]
အွတ်စ်မားန် ဗင်န် အဘီလ်အားစ်ွ (ရဿွိယလ္လာဟုအန်ဟု) သည် သူ့အား ဖျက်စီးလုနီးနီး ဖြစ်စေသော (အလွန်ပြင်းထန်သော)ရောဂါဝေဒနာကို ခံစားခဲ့ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) သည် ၎င်းထံ လူမမာမေးမြန်းကြည့်ရှုရန် ကြွမြန်းလာတော်မူပြီး၊ ဒုအာတစ်ပုဒ်ကို သင်ပေးတော်မူခဲ့သည်။ ထိုဒုအာဖြင့် အလ္လာဟ်အရှင်မြတ်သည် သူခံစားနေရသော ရောဂါဝေဒနာကို ပျောက်ကင်းစေတော်မူနိုင်သည်။ ထိုဒုအာမှာ- နာကျင်သော နေရာပေါ်တွင် မိမိ၏လက်ကိုတင်ကာ "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်) ဟု သုံးကြိမ် ရွတ်ဆိုရမည်။ ထို့နောက် ခုနစ်ကြိမ် ဤသို့ဒုအာရွတ်ဆိုရမည် ။ "အအူဇု ဗိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု" ဆိုလိုသည်မှာ - "ကျွန်တော်မျိုး လက်ရှိခံစားနေရသော နာကျင်မှု ဝေဒနာမှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏။ ထို့ပြင် အနာဂတ်တွင် ဖြစ်လာမည့် ပူပန်သောကနှင့် ကြောက်ရွံ့စိုးရိမ်ရသော အရာမှလည်းကောင်း သို့မဟုတ် ဤရောဂါသည် နာတာရှည်ဖြစ်လာပြီး ၎င်း၏ဝေဒနာသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခြင်းမှ လည်းကောင်း အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါ၏" ဟူ၍ဖြစ်သည်။