عَنْ أَبِي الدَّرْدَاءِ رضي الله عنه أَنَّ النَّبِيَّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَا شَيْءٌ أَثْقَلُ فِي مِيزَانِ الْمُؤْمِنِ يَوْمَ القِيَامَةِ مِنْ خُلُقٍ حَسَنٍ، وَإِنَّ اللَّهَ لَيُبْغِضُ الفَاحِشَ البَذِيءَ».

[صحيح] - [رواه أبو داود والترمذي] - [سنن الترمذي: 2002]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် မုအ်မင်န် သက်ဝင်ယုံကြည်သူတစ်ဦး၏ မီဇာန်ချိန်ခွင်၌ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားထက် အလေးချိန်ပိုစီးသည့် အရာဟူ၍မရှိပါ။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော ညစ်ညမ်းသောအရာကို မုန်းတီးတော်မူသည်။

[صحيح] - [رواه أبو داود والترمذي] - [سنن الترمذي - 2002]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တစ်ဦး၏ ချိန်ခွင်၌ ချိန်တွယ်ခြင်းခံရမည့် အပြောအဆိုများ၊ လုပ်ရပ်များအနက် အလေးချိန်အစီးဆုံးအရာမှာ ကောင်းမြတ်သည့်ကိုယ်ကျင့်တရားပင်ဖြစ်သည်။ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဟူသည် မျက်နှာချိုသာခြင်း၊ ဒုက္ခမှ ကာကွယ်ပေးခြင်း၊ ကောင်းကျိုးပြုခြင်း အစရှိသည်တို့ဖြစ်သည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော လုပ်ရပ်များ၊ စကားများနှင့် ရုန့်ရင်းကြမ်းတမ်းသော ညစ်ညမ်းသော အပြောအဆိုများကို မုန်းတီးတော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကောင်းမြတ်‌သော ကိုယ်ကျင့်တရား၏ မွန်မြတ်မှုကို ဖော်ပြထားသည်။ ကောင်းမြတ်‌သည့် ကိုယ်ကျင့်တရားသည် ယင်းကိုယ်ကျင့်တရား ပိုင်ရှင်အား အလ္လာဟ်အရှင်မြတ်၏ အချစ်နှင့် အရှင်မြတ်၏ ကျေးကျွန်များ၏ အချစ်ကို ဆောင်ကြဥ်းပေးသည်။ ထို့ပြင် ၎င်းသည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် ချိန်တွယ်ခံရမည့် အရာများအနက် အလေးလံဆုံးလည်းဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (55)
ထပ်၍