عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ حَلَفَ فَقَالَ فِي حَلِفِهِ: وَاللَّاتِ وَالعُزَّى، فَلْيَقُلْ: لاَ إِلَهَ إِلَّا اللَّهُ، وَمَنْ قَالَ لِصَاحِبِهِ: تَعَالَ أُقَامِرْكَ، فَلْيَتَصَدَّقْ».

[صحيح] - [متفق عليه] - [صحيح البخاري: 4860]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်မှာ
မည်သူမဆို ကျိန်ဆိုသည့်အခါတွင် မိမိ၏ကျိန်ဆိုမှု၌လာသ်နှင့်အုဇ်ဇာ၏ကစမ်လို့ပြောခဲ့ပါက လာအိလာဟ အိလ်လ္လာဟ်ကို ရွတ်ဖတ်လိုက်ပါ။ ၎င်းနောက် မည်သူမဆို မိမိအဖော်ကို လာပါ၊ လောင်းတမ်းကစားရအောင်ဟု ပြောခဲ့လျှင် ဆွဒ်ကဟ် အလှူဒါနပြုလိုက်ပါလေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 4860]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားသူနှင့်ကျိန်ဆိုခြင်းကို တားမြစ်တော်မူခဲ့သည်။ မုအ်မင်န်သည်အလ္လာဟ်အရှင်မြတ်မှအပအခြားမည်သည့်အရာနှင့်မျှကျိန်ဆိုလေ့မရှိ‌ပေ။ ၎င်းနောက် ကိုယ်တော်မြတ်က အသိပေးမိန့်ကြားထားသည်မှာ အစ္စလာမ်မပြန့်ပွါးမီအလျင်က ကိုးကွယ်ခြင်းခံကြရသည့် ရုပ်တုနှစ်ခုဖြစ်သော လာသ်နှင့်အုဇ်ဇာကို ကျိန်ဆိုပါသည်ဟု ပြောသကဲ့သို့ အလ္လာဟ်အရှင်မြတ်မှအပ အခြားသူနှင့်ကျိန်ဆိုသူသည် မိမိကိုယ်မိမိအမှားပြင်သည့်ပုံစံဖြင့်လည်း‌ကောင်း၊ ရှိရ်က် အလ္လာဟ်အရှင်မြတ်နှင့် တုဖက်ယှဉ်တွဲကိုးကွယ်ခြင်းမှကင်းရှင်းကြောင်း‌ ဖော်ပြသည့်အနေဖြင့်လည်းကောင်း၊ မိမိ၏ကျိန်ဆိုချက်ကို အာပတ်ဖြေသည့်အနေဖြင့်လည်းကောင်း လာအိလာဟ အိလ်လ္လာဟ်ကို ရွတ်ဖတ်လိုက်ပါ။
ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ လောင်းကစားရအောင်ဟု ဖိတ်ခေါ်သောသူသည် မိမိ၏ဖိတ်ခေါ်ခဲ့မှုကို အာပတ်ဖြေသည့်အနေဖြင့် ဆွဒ်ကဟ်အလှူဒါနပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ အလောင်းကစားဟူသည် လူနှစ်ယောက်သို့မဟုတ် နှစ်‌ယောက်ထက်အများက ကိစ္စရပ်တစ်ခုတွင်ယှဉ်ပြိုင်ရာတွင် နိုင်‌သောသူက မိမိတို့အခြင်းခြင်း၌သတ်မှတ်ထား‌သော ငွေကြေး၊ ဥစ္စာပစ္စည်းတစ်စုံတစ်ရာကို ရရှိပေမည်။ သူတို့ထဲမှ တစ်ဦးဦးသည် နိုင်မည် သို့မဟုတ် ရှုံးမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကျိန်ဆိုခြင်းသည် အလ္လာဟ်အရှင်မြတ်၏နာမတော်များ၊ ဂုဏ်တော်များဖြင့်သာကျိန်ဆိုရမည်။
  2. အလ္လာဟ်အရှင်မြတ်မှအပအခြားအရာများဖြစ်သည့် လာသ်၊ အုဇ္ဇာကဲ့သို့ ရုပ်တုများ၊ သစ္စာတရား၊ နဗီတမန်တော်၊ စသည်တို့ဖြင့်ကျိန်ဆိုခြင်းသည် ဟရာမ်ဖြစ်သည်။
  3. ခသ်သွာဗီ ကပြောသည်မှာ ကျိန်ဆိုခြင်းသည် အလွန်ပင်ကြီးကျယ်မြင့်မြတ်တော်မူသော ခဝပ်ကိုးကွယ်ခြင်းကို ခံ‌ထိုက်တော်မူသောအလ္လာဟ်အရှင်မြတ်နှင့်သာ ကျိန်ဆိုရမည်။ အကြင်သူသည် လာသ်ရုပ်တုကဲ့သို့ အခြားအရာများဖြင့်ကျိန်ဆိုပါက ထိုသူသည် ကာဖိရ်များနှင့်ဆင်တူရိုးမှားလုပ်ခြင်းပင်ဖြစ်သည်။ သို့ရှိရာ သူ့အား ကလိမာသောင်ဝ်ဟီးဒ်ကို ရွတ်ဆို၍ကျူးလွန်လိုက်သည့် အမှားကို ပြင်ရန်အမိန့်ပေးထားသည်။
  4. အလ္လာဟ်အရှင်မြတ်မှအပ အခြားသူများနှင့်ကျိန်ဆိုသူသည် ကဖ္ဖာရဟ်ယမီးန် အာပတ်ဖြေရန်မလိုအပ်ပေ။ အမှန်တကယ်သူသည် အလ္လာဟ်အရှင်မြတ်ဘက်သို့လှည့်ရန်နှင့်အလ္လာဟ်အရှင်မြတ်သည်သူ့အားခွင့်လွှတ်ချမ်းသာပေးရန် အရှင်မြတ်ထံတောင်းခံရပေမည်။ အဘယ်ကြောင့်ဆိုသော် ယင်းပြစ်မှုသည် သောင်ဝ်ဘဟ်ဖြင့်အာပတ်ဖြေခြင်းမှအပ အခြားအရာဖြင့်အာပတ်ဖြေခြင်းထက်ပို၍ကြီးမားလှပေသည်။
  5. လောင်းကစား၏အမျိုးစားအားလုံး၊ ပုံစံအားလုံးကို တရားတော်က တားမြစ်ထားသည်။ လောင်းကစားခြင်းကို အလ္လာဟ်အရှင်မြတ်က ဟရာမ်အဖြစ်တားမြစ်ထားပြီး အရက်သောက်ခြင်း၊ ရုပ်တုများနှင့်တွဲ၍ဟရာမ်ဖြစ်ကြောင်းဖော်ပြထားသည်။
  6. အကုသိုလ်ကျူးလွန်မိသည့်အခါ ယင်းအကုသိုလ်မှပြန်လှည့်ရန်အရေးကြီးသည်။
  7. အကြင်သူသည် အကုသိုလ်ကျူးလွန်မိသည့်အခါ ယင်းအကုသိုလ်အစား ကောင်းမှုတစ်ခုထပ်ဖြည့်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းမှုများသည် အကုသိုလ်များကို ပယ်ဖြတ်ပေးသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (51)
ထပ်၍