عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«اثْنَتَانِ فِي النَّاسِ هُمَا بِهِمْ كُفْرٌ: الطَّعْنُ فِي النَّسَبِ، وَالنِّيَاحَةُ عَلَى الْمَيِّتِ».
[صحيح] - [رواه مسلم] - [صحيح مسلم: 67]
المزيــد ...
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
လူတို့ထဲတွင် အချက်နှစ်ချက်ရှိပြီး၊ ၎င်းအချက်နှစ်ချက် ကုဖ်ရ် ( သွေဖည်ငြင်းပယ်ခြင်း) ဖြစ်သည်။ ၎င်းတို့မှာ - မျိုးရိုးအား စော်ကားထိုးနှက်ခြင်းနှင့် သေဆုံးသူအပေါ် ဖွဲ့နွဲ့ငိုကြွေးခြင်း ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 67]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် လူတို့ထဲတွင်ရှိသော ကာဖိရ်များ၏ အပြုအမူနှင့် ဂျာဟီလီယသ် အမိုက်ခေတ်၏ စရိုက်လက္ခဏာများဖြစ်သော အချက်နှစ်ချက်နှင့် ပတ်သတ်၍ မိန့်ကြားတော်မူခဲ့သည်။
ပထမအချက် - လူတို့၏ မျိုးရိုးအားစော်ကားထိုးနှက်ခြင်း၊ လူတို့ကို ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် မာန်မာနထောင်လွှားခြင်း။
ဒုတိယအချက် - သက္ကဒီရ် (နဖူးစာကံကြမ္မာ) ကို မကျေမနပ်ဖြစ်သည့်အနေဖြင့် ဘေးဒုက္ခကြုံတွေ့ရချိန်၌ အသံမြှင့်၍ (ဖွဲ့နွဲ့ငိုကြွေးခြင်း) သို့မဟုတ် အလွန်အမင်း စိတ်ရှုပ်ထွေးမှုကြောင့် အဝတ်အ
စားများကို ဆုတ်ဖြဲခြင်း။