عَنْ سَلَمَةَ بْنِ الْأَكْوَعِ رضي الله عنه:
أَنَّ رَجُلًا أَكَلَ عِنْدَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِشِمَالِهِ، فَقَالَ: «كُلْ بِيَمِينِكَ»، قَالَ: لَا أَسْتَطِيعُ، قَالَ: «لَا اسْتَطَعْتَ»، مَا مَنَعَهُ إِلَّا الْكِبْرُ، قَالَ: فَمَا رَفَعَهَا إِلَى فِيهِ.
[صحيح] - [رواه مسلم] - [صحيح مسلم: 2021]
المزيــد ...
စလမသုဗ်နုလ်အက္ကဝအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။
ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံပါး၌ ဘယ်လက်ဖြင့် စားနေခဲ့သည်။ ထိုအခါ ကိုယ်တော်က အသင်ညာလက်ဖြင့် စားပါဟု ပြောကြားခဲ့သည်။ ထိုပုဂ္ဂိုလ်က ကျွန်ုပ်မတတ်နိုင်ပါဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က သင်မတတ်နိုင်ဘူးပေါ့ဟု မိန့်ကြားခဲ့သည်။ မာနတရားကသာ သူ့အား (ညာလက်ဖြင့်စားရန်) တားဆီးခဲ့ခြင်းဖြစ်သည်။ ဆင့်ပြန်သူက ပြောသည်မှာ ထိုပုဂ္ဂိုလ်သည် မိမိ၏ပါးစပ်နားသို့ လက်မမြှောက်နိုင်တော့ပေ။
[صحيح] - [رواه مسلم] - [صحيح مسلم - 2021]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ပုဂ္ဂိုလ်တစ်ဦး ဘယ်လက်ဖြင့်စားနေသည်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ကိုယ်တော်က သူ့အား ညာလက်ဖြင့်စားရန် အမိန့်ပေးခဲ့သည်။ ထိုပုဂ္ဂိုလ်က မာန်မာနထောင်လွှား၍ (ညာလက်ဖြင့် စားရန်) မတတ်စွမ်းနိုင်ကြောင်း လိမ်လည်ပြောကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူအား ညာလက်ဖြင့် စားခွင့်မရတော့ရန် မကောင်းဆုတောင်းခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိနဗီ၏တောင်းဆုကို လက်ခံတော်မူပြီး ထိုသူ၏ညာလက်မှာ လေဖြတ်သွားခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းသည် စားသောက်ရန်အတွက် မိမိပါးစပ်နားသို့ လက်မမြှောက်နိုင်တော့ပေ။