+ -

عَنْ سَلَمَةَ بْنِ الْأَكْوَعِ رضي الله عنه:
أَنَّ رَجُلًا أَكَلَ عِنْدَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِشِمَالِهِ، فَقَالَ: «كُلْ بِيَمِينِكَ»، قَالَ: لَا أَسْتَطِيعُ، قَالَ: «لَا اسْتَطَعْتَ»، مَا مَنَعَهُ إِلَّا الْكِبْرُ، قَالَ: فَمَا رَفَعَهَا إِلَى فِيهِ.

[صحيح] - [رواه مسلم] - [صحيح مسلم: 2021]
المزيــد ...

စလမသုဗ်နုလ်အက္ကဝအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။
ပုဂ္ဂိုလ်တစ်ဦးသည် တမန်‌တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံပါး၌ ဘယ်လက်ဖြင့် စားနေခဲ့သည်။ ထိုအခါ ကိုယ်‌တော်က အသင်ညာလက်ဖြင့် စားပါဟု ပြောကြားခဲ့သည်။ ထိုပုဂ္ဂိုလ်က ကျွန်ုပ်မတတ်နိုင်ပါဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က သင်မတတ်နိုင်ဘူးပေါ့ဟု မိန့်ကြားခဲ့သည်။ မာနတရားကသာ သူ့အား (ညာလက်ဖြင့်စားရန်) တားဆီးခဲ့ခြင်းဖြစ်သည်။ ဆင့်ပြန်သူက ပြောသည်မှာ ထိုပုဂ္ဂိုလ်သည် မိမိ၏ပါးစပ်နားသို့ လက်မမြှောက်နိုင်တော့ပေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2021]

ရှင်းလင်းချက်

တမန်‌တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ပုဂ္ဂိုလ်တစ်ဦး ဘယ်လက်ဖြင့်စားနေသည်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ကိုယ်တော်က သူ့အား ညာလက်ဖြင့်စားရန် အမိန့်ပေးခဲ့သည်။ ထိုပုဂ္ဂိုလ်က မာန်မာနထောင်လွှား၍ (ညာလက်ဖြင့် စားရန်) မတတ်စွမ်းနိုင်ကြောင်း လိမ်လည်ပြောကြားခဲ့သည်။ ထိုအခါ တမန်‌တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူအား ညာလက်ဖြင့် စားခွင့်မရတော့ရန် မကောင်းဆုတောင်းခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိနဗီ၏တောင်းဆုကို လက်ခံတော်မူပြီး ထိုသူ၏ညာလက်မှာ လေဖြတ်သွားခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းသည် စားသောက်ရန်အတွက် မိမိပါးစပ်နားသို့ လက်မမြှောက်နိုင်တော့ပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ညာလက်ဖြင့်စားရန် အရေးကြီးပြီး ဘယ်လက်ဖြင့်စားခြင်းကို တားမြစ်ထားသည်။
  2. ရှရီအသ်၏ အမိန့်ပညတ်ချက်များကို မာနဖြင့် မလိုက်နာသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည်။
  3. အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ တောင်းဆုကို လက်ခံတော်မူခြင်းဖြင့် ဂုဏ်ပြုတော်မူခဲ့သည်။
  4. စားသောက်နေသည့် အချိန်တွင်ဖြစ်စေ အခြေအနေတိုင်း၌ ကောင်းရာညွှန်ကြားခြင်း၊ မကောင်းမှုမှတားမြစ်ခြင်းကို ဆောင်ရွက်ရန် ပြဌာန်းထားသည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি অরমো কন্নড় الولوف আজারী الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍