عن أنس بن مالك رضي الله عنه مرفوعاً: أن النبي صلى الله عليه وسلم كان لا يَرُدُّ الطيب.
[صحيح] - [رواه البخاري]
المزيــد ...

အနတ်စ်ဗင်န် မာလိစ်က်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ဧကန်အမှန်ပင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရေမွှေးကို(လက်ဆောင်ပေးလျှင်) ငြင်းပယ်လေ့မရှိပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။

ရှင်းလင်းချက်

အခြားဆင့်ပြန်ချက် တစ်ရပ်တွင် လာရှိထားသည့်အတိုင်းပင် ရေမွှေးသည် သယ်ဆောင်ရ လွယ်ကူပြီး မွှေးကြိုင်သည့်အတွက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ စွန္နသ်တော်တစ်ရပ်မှာ ရေမွှေးအား လက်ဆောင်အဖြစ်ပေးလျှင် လက်မခံခြင်း၊ ငြင်းပယ်ခြင်းမျိုး မရှိပေ။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. ရေမွှေး လက်ဆောင်အား လက်ခံခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သယ်ဆောင်ရာတွင် အခက်အခဲ မရှိသလို လက်ခံသည့်အတွက်လည်း ဂုဏ်ဖော်ခံရမည် မဟုတ်ပေ။
  2. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရေမွှေးအား နှစ်သက်တော်မူပြီး မငြင်းပယ်ခြင်းသည် ကိုယ်တော်မြတ်၏ ကိုယ်ကျင့်တရား ပြည့်ဝမှုပင်ဖြစ်သည်။
  3. ရေမွှေးသည် လူတစ်ဦး သန့်ပြန့်ခြင်း၏ လက္ခဏာတစ်ရပ် ဖြစ်သောကြောင့် ရေမွှေးအား အမြဲသုံးစွဲသင့်သည်။သန့်ရှင်းသော အရာများသည် သန့်ရှင်းသောသူများ အတွက်ဖြစ်ပြီး သန့်ရှင်းသောသူများသည် သန့်ရှင်းသောအရာအတွက်ပင်ဖြစ်သည်။
ထပ်၍