عن أنس بن مالك رضي الله عنه:
أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ لَا يَرُدُّ الطِّيبَ.

[صحيح] - [رواه البخاري] - [صحيح البخاري: 2582]
المزيــد ...

အနတ်စ်ဗင်န် မာလိစ်က်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ဧကန်အမှန်ပင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရေမွှေးကို(လက်ဆောင်ပေးလျှင်) ငြင်းပယ်လေ့မရှိပေ။

[صحيح] - [رواه البخاري] - [صحيح البخاري - 2582]

ရှင်းလင်းချက်

ရေမွှေးသည် သယ်ဆောင်ရ လွယ်ကူပြီး မွှေးကြိုင်သည့်အတွက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ စွန္နသ်တော်တစ်ရပ်မှာ ရေမွှေးအား လက်ဆောင်အဖြစ်ပေးလျှင် မငြင်းပယ်ဘဲ လက်ခံတော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လက်ဆောင်ပေးသည့် ရေမွှေးအား လက်ခံခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် သယ်ဆောင်ရာတွင် အခက်အခဲ မရှိသလို လက်ခံသည့်အတွက်လည်း ဂုဏ်ဖော်ခံရမည်မဟုတ်ပေ။
  2. လက်ဆောင်ပေးသူ၏ လက်ဆောင်ကို လက်ခံခြင်း၊ ရေမွှေးအား မငြင်းပယ်ခြင်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ပြည့်စုံကောင်းမွန်သည့် ကိုယ်ကျင့်တရားပင်ဖြစ်သည်
  3. ရေမွှေးသုံးစွဲရန် တိုက်တွန်းထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (63)
ထပ်၍