+ -

عن عمر بن أبي سلمة قال: كنتُ غُلاما في حَجْرِ رسول الله صلى الله عليه وسلم ، وكانتْ يَدِي تَطِيشُ في الصَّحْفَة، فقالَ لِي رسول الله صلى الله عليه وسلم : «يا غُلامُ، سمِّ اَلله، وكُلْ بِيَمِينِك، وكُلْ ممَّا يَلِيكَ» فما زَالَتْ تِلك طِعْمَتِي بَعْدُ.
[صحيح] - [متفق عليه]
المزيــد ...

အုမရ်ဗင်န် အဗူစလမဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏အုပ်ထိန်းမှုအောက်၌ ရှိခဲ့သည့် ကလေးငယ်တစ်ဦးဖြစ်သည်။(စားသည့်အခါ)ကျွန်တော့်၏ လက်သည် ပန်းကန်ပြားထဲ ဟိုနားဒီနား နှိုက်နေခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော့်အား အို-ကလေးငယ်၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကိုတသ၍ ညာလက်ဖြင့်စားပါ၊ ၎င်းပြင် သင့်အနီးအနားကစားပါဟု မိန့်ကြားခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ကျွန်တော်၏စားသောက်ပုံသည် ထိုအတိုင်းသာအမြဲဖြစ်ခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အုမရ်ဗင်န် အဗူစလမဟ်(ရဿွိယလ္လာဟုအန်ဟုမာ)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကြင်ယာတော် အုမ္မုစလမဟ်(ရဿွိယလ္လာဟုအန်ဟာ)ဘက်မှပါလာသော သားတော်ဖြစ်သည်။ သူသည် ကိုယ်တော်၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် နေထိုင်ခဲ့သည်။ ဤဩဝါဒတော်တွင် ၎င်းက မိမိ၏အခြေအနေကိုတင်ပြခဲ့သည်မှာ- သူသည် ထမင်းစားနေစဉ် အစားအစာယူရန်အတွက် ဘေးနားရှိ အခြားပန်းကန်များကိုလည်း လက်ဖြင့် လှမ်းနှိုက်လေ့ရှိသည်။ ထိုကြောင့် သူ့အားတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အစားအသောက် စားခြင်းဆိုင်ရာ စည်းကမ်းချက်များအနက် သုံးချက်ကို ဤဟဒီးဆ်တော်တွင်သင်ကြားပေးခဲ့သည်။ (၁)- စားသည့်အခါ အစတွင် ‘ဗိစ်(စ)မိလ္လာဟ်’ ဆိုခြင်း။ (၂)- ညာလက်ဖြင့်စားခြင်း။ (၃) မိမိ၏ အနီးအနားမှစားခြင်း။ အခြားသူစားနေသည့်နေရာမှ စားခြင်းသည် ယဥ်ကျေးမှု မရှိခြင်းပင်ဖြစ်သည်။ သာသနာ့ပညာရှင်များက အဆိုပြုကြသည်မှာ-အစားအစာသည် တစ်မျိုးတည်းမဟုတ်ဘဲ ဥပမာ ရွှေဖရုံသီး၊ ခရမ်းသီး၊ အသား၊ စသည်ဖြင့်အမျိုးအစားများစွာရှိနေလျှင် မိမိနှင့် နီးသောအစားအစာကို စားသုံးရင်း အခြားအမျိုးအစားများကို ယူရန်လက်လှမ်းခြင်းသည် အပြစ်မဟုတ်ပေ။ ထို့အတူတစ်ယောက်တည်းစားသူသည် အခြားတစ်ဖက်မှ ယူစားလျှင်လည်း အပြစ်မရှိပေ။ ထိုသို့စားခြင်း၌ မည်သူ့ကိုမျှ ထိခိုက်စေခြင်း မရှိပေ။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية القيرقيزية النيبالية اليوروبا الليتوانية الدرية الصومالية الكينياروندا التشيكية المالاجاشية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စားသောက်သည့်အခါ အစတွင် ‘ဗိစ်(စ)မိလ္လာဟ်’ ဆိုခြင်းသည် စားသောက်ခြင်း၏ အဒဗ်(ကျင့်ဝတ်)များတွင် ပါဝင်သည်။
  2. ညာလက်ဖြင့် စားသောက်ရန် တာဝန်ရှိပြီး ဘယ်လက်ဖြင့် စားသောက်ခြင်းကို တားမြစ်ထားသည်။ သို့သော် အကြောင်းပြချက်တစ်စုံတစ်ရာရှိလျင် ဘယ်လက်ဖြင့်စားခွင့်ရှိသည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- “သင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ ဘယ်လက်ဖြင့်စားခြင်း ဘယ်လက်ဖြင့်သောက်ခြင်း မပြုကြလေနှင့်။ ဧကန်အမှန်ပင် ရှိုင်သွာန်မိစ္ဆာသည် ဘယ်လက်ဖြင့်စား၍ ဘယ်လက်ဖြင့်သောက်သည်။” ထို့ကြောင့် ရှိုင်သွာန်မိစ္ဆာ၏ နောက်လိုက်မှုပြုခြင်း ဟရာမ်ဖြစ်သည်။ မည်သူမဆို အုပ်စုတစ်စုနှင့် တူဆင်အောင်ပြုပါက ၎င်းသည် ထိုအုပ်စုအနက်မှပင်ဖြစ်သည်။
  3. လူကြီးဖြစ်စေ ကလေးဖြစ်စေ အထူးသဖြင့် လူတစ်ဦး၏ အုပ်ထိန်းမှုအောက်တွင် ရှိသည့် မသိနားမလည်သူအား ပညာသင်ပေးခြင်း မွတ်စ်သဟဗ် ဖြစ်သည်။
  4. အစားအစာ စားခြင်း၏ အဒဗ်(ကျင့်ဝတ်) တစ်ခုမှာ လူတစ်ဦးသည် မိမိအနီးနားမှသာ စားသုံးရမည်။ အခြားဘက်များမှ ကျော်၍မယူသင့်ပေ။
  5. ဆွဟာဗဟ် သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ သွန်သင်ဆုံးမမှုကို စွဲမြဲစွာလိုက်နာ ကျင့်သုံးကြသည်။ ဤအကြောင်းကို အုမရ်ဗင်န် အဗီစလမဟ် ပြောကြားသည့် “ထို့ကြောင့် နောက်ပိုင်းတွင် ကျွန်တော်၏စားသောက်ပုံသည် ထိုအတိုင်းသာအမြဲဖြစ်ခဲ့သည်။”ဟူသည့် စကားတွင် သိရှိနိုင်သည်။
ထပ်၍