عن أبي ذر الغفاري رضي الله عنه مرفوعاً: «لا تَحْقِرَنَّ من المعروف شيئا، ولو أن تَلْقَى أخاك بوجه طَلْق».
[صحيح] - [رواه مسلم]
المزيــد ...

အဗူဇရ် ဂိဖာရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ သင်၏ညီနောင်အား ပြုံးရွှင်ချိုသာသော မျက်နှာဖြင့် တွေ့ဆုံလိုက်ခြင်းပင်ဖြစ်စေ မည်သည့်ကောင်းမှုကိုမျှ သင်အထင်မသေးလေနှင့်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ပြုံးရွှင်ချိုသာသော မျက်နှာဖြင့် တွေ့ဆုံခြင်းသည် (မွတ်စ်သဟဗ်) ကောင်းမြတ်လှကြောင်း ဟဒီးဆ်တော်က ညွှန်ပြထားသည်။ ဤသည် ကောင်းမှုကုသိုလ်ပင် ဖြစ်သည့်အတွက် မွတ်စ်လင်မ်တို့သည် ထိုကိစ္စအား စိတ်အားထက်သန်စွာလိုက်နာဆောင်ရွက်သင့်သည်။ မွတ်စ်လင်မ် ညီနောင်တစ်ဦးအား ရင်းနှီးချစ်ခင်မှုကို ခံစားစေပြီး ၎င်းကိုပျော်ရွှင်စေသောကြောင့် ထိုကောင်းမှုအား အထင်မသေးသင့်ပေ။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အကြား အပြန်အလှန် မေတ္တာတရားနှင့် ချစ်ခင်မှု ထားရှိရန်၊ မျက်နှာ ချိုသာစွာထားရန်၊ ပြုံးပြရန်၊ ပြုံး ရွှင်ချိုသာသော မျက်နှာထား ရှိရန် တောင်းဆိုထားသည်။
  2. ဤ(ရှရီအဟ်) တရားလမ်းစဉ်သည် ပြည့်စုံလှပြီး၊ ထိုတရားလမ်းစဉ်သည် မွတ်စ်လင်မ်များအတွက် အကျိုးရှိသော အရာများနှင့် ၎င်းတို့၏စကားများကို စုစည်းညီညွတ်စေမည့် အရာများအားလုံးကို ယူဆောင်လာသည်။
  3. ကောင်းမှုများ ပြုလုပ်ရန် လိုလားသည့်စိတ်ရှိရမည် အထူးသဖြင့် အခြားသူများနှင့်ပတ်သက်၍ အကောင်း လိုလားရမည်။ မည်သည့် ကောင်းမှုကိုမျှ အထင်မသေးသင့်ပေ။
  4. မွတ်စ်လင်မ်များကို ဝမ်းမြောက်ပျော်ရွှင်အောင်လုပ်ပေးခြင်းသည် (မွတ်စ်သဟဗ်)ကောင်းမြတ်ပေသည်။ ထိုသို့ပြုလုပ်ခြင်းသည် ၎င်းတို့ကြား၌ ချစ်ခင်ရင်းနှီးမှုကို ဖော်ဆောင်ပေးသည်။
ထပ်၍